အရက်​မူး​သော အ​တွေး စကားများ

အရက်​မူး​သောအ​တွေး စကားများ

လင်းဆက်​ပိုင်

အရက်​မူး​နေတဲ့အရူးစကားတစ်​ခွန်းပါပဲကွယ့်
ငါစီး​မျောလိုက်​ပါတယ်​......
စိတ်​ရွယ်​ရည်​ မှတ်​တိုင်​မ​လေး​ရေ...ကျန်​မာပါစကွယ်​...
နှုတ်​စကားပြာပြာ​လေးများ ချစ်​သူ့ရင်​ခွင်​ ​အေးမြမြငြိမ်းပါ​စေ...။

ရွှေခြည်​လင်းမယ့်​​နေ့​လေးကို လွမ်း​မောတသစွာ
ပျော်​​ပျော်​ကြို​နေပါတယ်​ကွယ်​...
သံသရာအ​ကွေ့​လေးမှာ​တော့ ဆုံဦးမယ်​လို့ တဇွတ်​ထိုး ယုံကြည်​လိုက်​ပြီ က​လေး​ရေ..
ဒီသံသရာဆိုတာ တိကျတဲ့ ငါတို့ရဲ့ အချိန်း​​အချက်​​လေပဲ​ပေါ့ကွယ်​....
ရင်​ဘတ်​မှာ မှတ်သားထားတဲ့ သမုဒယ​သက္ကရဇ်​တို့ ကြွား​မော်​၀င့်​ရမယ်​ မို့လား ....။

အ​မှောင်​​ထောင့်​ချိုး​တွေ ဖျပ်​ဖျပ်​လူး​လေပြည်​​ဆော်​ဆဲပဲ...
ငါ​နေထိုင်​ရာ ​ထောင့်​မုန်​ကျ အိမ်​နီးချင်​က မင်းပါကွယ့်​...
နှစ်​အိမ့်​တစ်​အိမ်​ဖြစ်​မယ့်​​နေ​တော့ စ​ကေးကိုက်
လွဲလွဲ​လေး လွှတိုက်​ခံရတုန်းပါပဲ​လေ...
ငါမင်းရဲ့ ခြံစည်းရိုး​လေးဖြစ်​ခွင့်​ ရချင်​သား က​လေး​ရေ...။

အိုးနတ်​ဘုရားမ​လေး​ရေ...
ငါရင်​ကိုဝင်​ပူး စီး ​လောကကြီးကို ငါ့တိုချစ်​ခြင်းနဲ့
အလှဆင်​ရ​အောင်​ကွယ်​..
အသဲနှစ်​ခုအပြုံးခြင်းပန်း​ဖောင်းဖွဲ့ စကြာဝဠာ တိုင်​​အောင်​ ငါတို့်​အက္ခရာ ၀င့်​ဝင့်​ဖြာလိုက်​မယ်​ကွယ်​..။


Posted via Blogaway

Comments