မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၅

မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၅

လင်းဆက်​ပိုင်

မလင်းပြာ​ရေ....
ဘယ်​လိုအ​ကြောင်းတရား​တွေနဲ့ ခက်​ခဲ​နေရသလဲ...
ချစ်​သူကို ချစ် ၊လွမ်း၊သတိရ ​ကြောင်း ​ပြောခွင့်​မရှိတဲ့ ....
ပျို့တက်​လာတဲ့ စကားလုံး​တွေ အန်​ချခွင့်​မရှိသူပါ....။

မလင်းပြာ​ရေ...
ရစ်​သိုင်း​ခွေလိမ်​​နေတဲ့ သတိရခြင်းမှိုင်းမှိုင်း​တွေ ....
အိပ်​မက်​​တွေ ​ခြေတစ်​လှမ်း​နောက်​ဆုတ်​ ထိုးမယ့်​ဆင်​လို ​ပေါ့...
ဆင်​သွားရင်​လမ်းဖြစ်​တယ်​ဆိုရင်းလည်း...
အလွမ်း​​တောတိုးတဲ့ ဆင်​ကန်းက ကိုယ်​ပဲ​နေမှာ...။

မလင်းပြာ​ရေ...
မင်းမျက်​၀န်း​တွေ ​ဆောင်းရာသီဆန်​မှာစိုးတယ်​...
ရင်​ခုန်​သံတစ်​ထပ်​ မြတ်​နိုးမှု့တစ်​ထပ်​ဖြန့်​ခင်းထားတဲ့ ငါ့ရဲ့လမ်း.....
မင်းနင်​​လျှောက်​လိုက်​စမ်းပါကွယ့်​...
အိုးးးသမုဒယ၀တ်​ရည်​​တွေ စိုစိုရွှဲ ပါ​စေ...


Posted via Blogaway

Comments