ကာလာစုံအောင် နာခဲ့တဲ့ပုံပြင်
လင်းဆက်ပိုင်
ချစ်ရသူတွေ ဇာတ်နာအောင်ရေးခဲ့တဲ့ပုံပြင်ပါ
ဖြစ်နေစဲ ပျက်နေစဲ အငွေ့အသက်တွေနဲ့
ရှူ့မငြီးတဲ့ အလွမ်းသယ်(သည်)ရဲ့
ဓမ္မတေးပါပဲ။
၂၁ရာစုရဲ့ ပျက်လုံး တစ်ခုလည်းဖြစ်တယ်။
ဒီပုံပြင် ရင်ပြင်တလျှောက် နှင်းဆီတွေရဲရဲ ငိုနေတာ...
ဘယ်လိုမှ မဖြည်ဆည်နိုင်တဲ့နောက်
ဘဝကို ဘုရားလှူလိုက်တယ်
ကဲ...ကောင်းရော
အမှားအယွင်းဆိုတာ လူတို့ဘောင်မှာ
ကင်းခဲတယ်ဆိုပေမယ့်....
ကောင်းကင်နဲ့ မြေပြင် ထိစမ်နေတဲ့
မိုးကုတ်စက်ဝိုင်းအထိ သူ မှားခဲ့တာလေ
လှလိုက်တဲ့ ရှူ့မျှော်ခင်းတွေ ကာလာစုံတယ်။
Posted via Blogaway
Comments
Post a Comment