ရွေ့လျားခြင်း အဟုန်မှာ ကပ်တဲ့ဇော
လင်းဆက်ပိုင်
အဓိပ္ပါယ်မရှိ လက်သီးလက်မောင်းတန်းလို့
အ၀ါရောင်အကြောင်းတွေ ငါရွတ်နေ
အချက်အလက်တွေ ဧရိယာပြင်ပမှာ
အနုပညာတံဆိပ်ကပ်လို့ သူ့အကြောင်းရေးနေတာ ရှက်စရာပါပဲ။
သံမဏိမျှင်ပင့်ကူအိမ်ထဲကျရောက်နေတဲ့ ငါ့သက္ကရာဇ်
သတိရခြင်း အလွမ်း အာသီသပြင်းပြင်းတွေရုန်းကြွနေတဲ့ ပိုးသားအသဲနှလုံး
အိပ်မက်တွေအပြေးအလွှား နီညိုပုပ်ပွနေ
တကယ်ပဲ ရူးသွပ်ခြင်းအဖျားဝေဒနာ
နတ္ထိ ကို နားမလည်တဲ့ကောင်ကငါပဲ။
မောဟတွေ ခုန် ခုန် ခုန်ထွက်
သုံညလို အမှုန်အမွှား ဖြစ်တဲ့အထိ ခုန်ထွက်ချင်မိ
အဲ့ဒီ့မှာ စိတ်နဲ့ကိုယ် ပဋိဇီဝ ပဋိပက္ခ ရုန်းရင်းဆန်ခတ်
သိသိ မသိသိ မိုက်ကမ်းလိုက်တော့မယ့်
ဇောအဟုန်တွေ ။
ဖွင့်လှစ်မိတဲ့ပြူတင်မှာ အိပ်မက်အသေကြီး လာ နှုတ်ဆက်
အီလည်လည် မျက်နှာသစ် မောဟအသစ်တွေ .....
မီးတွေ မီးတွေ အတွေးလေပင့် ပိုလောင်မြိုက်...
ငါနံနက်ခင်းတွေ မီးရှို့ခံနေတာရတာ
ကြာပြီး ငြိမ်းလို့မရသေး...။
ဘ၀င်လေဟပ်နေတဲ့ အစိုးမရတဲ့စိတ်
တူရူးဒိုးလျှိုပေါက်ကြီး ...
လက်ဆပ်နေတဲ့ အိုမင်းခြင်းတွေ
အပြုစားခံ ငါ့စိတ် ငါ့အရိပ် ငါပြန်သတ်လို့မရတော့...
ဝမ်းနည်းစရာအဖြစ်အပျက်တွေ
ပိုက်စိပ်တိုက်မရှာဖွေ ချင်တော့တဲ့အခါ
မာကော့စ်စကီးလို အဆုံးသတ်ချင်တယ်။
၈.၁၂.၂၀၁၄
Posted via Blogaway
Comments
Post a Comment