ပျောက်ဆုံးနေဆဲ ငါတို့မြို့
လင်းဆက်ပိုင်
ယုံကြည်မှု့တွေ အတူအစုန် အဆန်
စီးမျောဖို့ တဲ့....
အိပ်မက်တွေ ခဏသေရတာလား
ဘယ်လို ခြားနားခြင်းတွေ သတ်ရိုတ်ခံနေရလဲ
တို့လို့တွဲလောင်း အ၀ါရောင်ကဗျာတွေပဲ ငြိလျှက်ကပ်
မြားတံတိုင်းတွေ ခြားပြီးရင်းခြား
ကဗျာရေးတာလား
ကဗျာရေးပြီးလွမ်းတာလား
စိတ်နှင်ရာ ရွတ်လွှင့်ခြင်းလား
ရွတ်လွှင့်လို့ စိတ်နှင်နေတာလား
ကိုယ်တိုင်က ၀ိရောဓိဖြစ်နေခြင်း
ကိုယ်ပိုင်ဟန်တွေ ပျောက်ပြီးရင်းပျောက်နေခဲ့
တိမ်အမျောလေးတွေ လို ပေါလောကြီး ဒဏ်ရာတွေ စိတ္တဇ ဆန်ဆန်ပဲ
လောကရဲ့ သားကောင်အဖြစ် လည်စင်းပေးလို့ မဖြစ်သေးဘူး
မာန်တင်း ခြေလှမ်းယိုင်ယိုင်တွေ
မှန်မှန် လျှောက် ရောက်ချင်ရာရောက်နေတဲ့ စိတ်တွေ သပိတ်ဝင်အိတ်ဝင်
ညှိုးငယ်ခြင်းများသာပါပဲ
သီအိုရီတွေ အကုန် ကျိုးကြေကုန်ပေါ့
အမှန်တရားဟာ စကားလုံးအဖြစ် ဟောင်ဖွာဟောင်ဖွာနဲ့ လဲကျနေပြီး
ငြင်းခုန်/ငြင်းဆန်မှု့တွေကို ဆွေးနွေးခြင်းလို့ ခေါင်းစဉ်တပ်နေကြတဲ့
လိမ္မော်ပင်တွေ...အသီးတွေလှိုင်လှိုင်
ဘရိတ်အုပ်လို့မရတော့တဲ့ အချိန်တွေ
ရင်ဘတ်တွေကုတ်ခြစ်နေတဲ့ ကြောင်သူတော်တွေ
ကြောင်ကို ခြူး ဘယ်သူစွဲပေးမှာလဲ
မေးခွန်းဟာသေဆုံးခဲ့ ရွှေရတုတိုင်တိုင်ကြာခဲ့ပြီ
အရေးပေါ်ကြော်ငြာခြင်း အစာအိမ်ခြောက်ကပ်မှု့များ
ခွဲစိတ်ကုသဖို့ ....မြို့ကြီးက ညည်းတွားနေ
ရေကြည်ရာမြတ်နုရာများအားလုံးဆင်ဆာမလွတ်တော့ပါ။
၁၁.၁၂.၂၀၁၄
Posted via Blogaway
Comments
Post a Comment