လန့်ဖို့ကောင်းတဲ အလွမ်း ခြူသံ
လင်းဆက်ပိုင်
နင့်သီးစွာဟစ် ကြုံးဝါးတဲ့ နှလုံးသားရဲ အီသံ...
ကိုယ့်ဝပ်ကျင်းလေးလည်းမိုးရေစိုလို့
ငါ့နွေဦးလည်းမလှတော့ဘူး အခါလွန်းမိုးရယ်
တသွင်သွင်စီးဆင်းနေတဲ့ လောင်မီးကျနှစ်များ...။
မျှော်လင့်ခြင်းဆိုတဲ့ ဓား မှာ
သံချေး(ဂျီး)အထပ်ထပ်နဲ့
လောကဓံကို ခုတ်ထစ်ဖို့
ခပ်တုံးတုံး အသွားနဲ့....
လှေနံဓာထစ် ပြောချင်တယ်။
ငါ့တစ်ကိုယ်လုံးကြွေပြီး...
ပြန်ပြီး ရွတ်သစ်ဝေလို့ မရတော့ဘူး
စိတ်ပိန်လွန်းလို့..ဓမ္မတေးတစ်ပုဒ် နဲ့
ခံစားချက်တွေ စတေးထားတယ်...။
ကိုယ့်စိတ် ကိုယ့်အရိပ်တို့
ဟာမိုနီကိုက် အလွမ်းတို့ နဲ့ စိုစွတ်တယ်
ရင်ကိုမှုတ်ငြိမ်းတဲ့ တိုနံ့နံ့အာငွေ့မှုတ်သံ
မျှော်နေရတာ ....စိတ်မီးတောက်တို့နဲ့
ငါ့ရဲ့အရိုင်းတေးတွေ မခို့တရို့လေး။
ယိုစိမ့်နေတဲ့ မနှစ်မျိုစရာ တိမ်အုပ်တွေ
နာကျင်မှု့တွေ နုညံ့လွန်းတော့
မပီကလာပီကလာနဲ့ ခြိမ်းသံယုယုယယ
အငတ်အပြတ်မျက်နှာက သစ်လွင်လွန်းတယ်
မှိုတက်နေတဲ့ငါ့သီဝရီနဲ ရွှင်မြူးရမယ်လား
(ညူဆူညစ်ညမ်းစွာ မအော်ဟစ်ချင်တော့ပါ)
အိုးးးလောကသစ္စာ။
Posted via Blogaway
Comments
Post a Comment