မိနစ် ၃၀ ဝေးတဲ့မြို့
......လင်းဆက်ပိုင်
စံတော်ချိန် ၃၀ မိနစ်ကြားမှာ
ယိမ်းထိုးနေတဲ့မီးတောက်က လှတယ်
ဒါကိုပဲ မျှော်လင့်ခြင်းလို့ အဓိပ္ပါယ် ရှိစွာ သယ်ဆောင်နေတဲ့ နေ့ရက်တွေ
ဘာမှမဖြစ်ထွန်းသေးတာလဲ ပျော်စရာပဲ
ဘ၀ကို မှောက်ထားလိုက်တယ်
ဝှက်ဖဲတစ်ချပ်နဲ့
ဒါဟာ ရောဂါတဲ့
သက်ရောက်မှု့ရဲ့အလွန် ဗလာချည်ထောင့်ကျဉ်းတွေ
ရောမမြို့မီးလောင်တာ ဖွဲ့နွဲစရာမှမဟုတ်တာ
ဘာလင်တံတိုင်း ပြိုကျတာ
နွားမပေါင်ကျိုးတာ မြစ်ကမ်းပြိုတာ
သံသရာတစ်ကွေ့စာလောက် လွမ်းရဲရင် အချစ်ဆိုတာ နတ်တွေဖွတ်လို့မရတော့ဘူး
တခါတလေ လူဆိုတာ သတင်ဆိုးတွေ နှစ်သက်ကြတာပဲ
မေတ္တာမရှိတဲ့ နေ့ရက်တွေစုတ်ဖြဲလိုက်တယ်
ဂရုနာတရားနဲ့ အသဲနှလုံးကို ပါးပါးလေး လှီးထုတ်ပေးလိုက်ပါ။
၁၅.၁၂.၂၀၁၄
Posted via Blogaway
Comments
Post a Comment