ဈာန်မှာငြိတဲ့ အတ္တ
...........လင်းဆက်ပိုင်
အချိန်တွေ အဆက်ပြတ်ဆောက်မှု့တွေကြားမှာ
ငါဟာ အထီးကျန်တယ်
ဒါဟာ ငါ့ရဲ့ ရောမန္တိက၀ါဒလား???
ကိုယ့် အဇ္ဈတ္တရဲ့အတ္တဟာ မင်းကိုပဲဖတ်တွယ်တယ်။
ဒါဟာကိုယ့်ရဲ့ ဈာန်အသိထဲမှာ ကိန်းဝပ်နေတဲ့
ပန်းဖောင်ဖွဲ့ လှေတစ်စင်းပဲဖြစ်တယ်
ကြမ္မာကအချိန်တွေခိုးယူထားပေါ့
သည်မိုး သည်လေ ထန်နေသမျှတော့
ငါ့တို့စီးဆင်မှု့တွေ တစ်စစီလွှင်ဝေးနေဦးမှာပဲ ။
ငါ့တို့ရယ်သံမှာ သန့်စင်တဲ့ ဘ၀င်တွေပျောက်ဆုံး
ဒုက္ခလား ဖြစ်တည်မှု့ သင်္ခါရ လား
ရှူ့ မှတ်
အလှပဆုံးတေးသီသံဟာ.သေခြင်းတရားတွေ ရောပြွန်နေမှ
ရင်နင့်အောင် နူးညံ့ တဲ့ သြကာသလောကပဲ။
ဒီအခိုက်ဓာတ်လေး မြတ်နိုးလွန်းတယ်။
စိတ်ခံစားမှု့ ဆင့်ကဲဖြစ်စဉ်မျာပါပဲ။
၁၅.၁၂.၂၀၁၄
Posted via Blogaway
Comments
Post a Comment