အမှတ် ၁၈ ၀တ်လစ်စလစ် တေးသွား
လင်းဆက်ပိုင်
နဖူးစာမှာ သံယောဇဉ် ဆိုတဲ့ကြိုးချည်လိုက်လိုက်တဲ့နောက်။
အပူဖြစ်စေ အအေးဖြစ်စေ လက်ခံလိုက်တယ်။
ခက်တယ် ။
ဖတ်သူမရှိတဲ့ အလွမ်းစာတွေ ငါရေးခဲ့တယ်။
အမှတ်တရညလေးမှာ တစ်ကိုယ်တည်း မအိပ်စက်နိုင်ရှာခဲ့ကွယ်။
သူကလးကို မျှော်တယ် ။
ညက အေးစက်လွန်စွာ မေးချင်းရိုက်သံ ခိုက်ခိုက်တုန်နေတယ်။
ဒီလိုနဲ့ချမ်းချမ်းစီးစီး မိုးလင်းခဲ့တယ်။
နှင်းစက်တို့တွဲခိုနေတဲ့ မြတ်ခင်းလေက
နေခြည်ကို ၀က်တွားဦးညွှတ်လို့ ကြည်နူးစရာမြင်ကွင်းလေးဟာ ရင်ကွဲသံကြောင့် မလှပတော့ဘူးလေ။
အလွမ်းကရပ်တန့်လို့မရ ။နားထောင်သူမရှိတဲ့ ငါအသံနဲ့နှုတ်ဆက်လိုက်ပါတယ်
မောနီပါကွယ်။ ကံကြောင့်လား လူကြောင့်လား ငါမသိပါဘူး။ အတူဆုံချိန်တွေကို ဘယ်လို နတ်ဒေ၀ါတွေ က မျက်ကွယ်ပြုထားသလဲ။မသဒ္ဓါရေစာနေ့ရက်တွေထဲ ငါ အရူးထနေဆဲပါပဲ။ဆောင်းရဲ့အေးစက်မှု့တွေကို နေခြည်အလင်းနဲ့ နွေးမြစေသလိုမျိုး၊ငါရင်ကို မင်း အပြုံးနဲ့ လာပြီးနွေထွေးပေးပါတော့လား။ တောင်းဆိုသံမှာ ပဲ့တင်ပြန်ဖို့ သူမရဲ့နားစည်ကို မရောက်နိုင်ခဲ့ဘူးလေ။ နံုးခွေနေတဲ့စိတ်ကပိန်လိန် အားနည်းနေပါပြီ။အရိုးပေါ်အရေတင်နေ့ရက်များ။ ၁၈ဂဏာန်က ငါတို့အတွက်န၀င်းမကိုက်ဘူးလား။ မြောက်ပြန်လေတို့ တဟားဟား လှောင်ရယ်သံနဲ့ ဖြတ်တိုက်သွားတော့သည်။
ငါ အက္ခရာတွေ ကုန်အောင် ငါ အလွမ်းတွေ တေးသီပါ့မယ်။ စိတ်တွေကြေတဲ့နေ့ပါပဲ။အတွေးကမ္ဘာလေးလည်း မွစကြဲအလွမ်းတို့နဲ့ တိုးတိတ်လွန်းတယ်။
သောကခြေရာတွေ ငါ့ရင်ဘတ်ပေါ် ဖြတ်လျှောက်နေတယ်။ လှပတဲ့ခြေရာလေးပေါ့
မြတ်နိုးမှု့တွေ ထုံအီဝေးရပြန်ပါပြီ။ အက္ခရာ၂ တဲ့ သူ ပြောဖို့ အချိန်မရတော့ဘူးလား။ ငါတို့လမ်းကို ငါတို့ရွေးခွင့်မရှိဘူးလား။ ငါရဲရင့်ချင်ပြီ မင်းသတ္တိတွေ ဖော်ထုတ်မယ့်အချိန်ဘယ်တော့လဲ။
ငါ မျှော်လင့်ခွင့်ရှိပါမလား။ တနေ့နေ့ တချိန်ချိန်ဆိုတဲ့ မသေချာတဲ့ အဖြေနဲ့ ငါ လူလုံးလှရမလား။ မဟုတ်သေးပါဘူးကွာ။
ပြိုင်တူရွေ့မှ ရောက်မယ့်ပန်းတိုင်ပါ မင်းခြေလှမ်းတွေ လေးကန်လွန်းတယ်။ အမြဲလိုလို လွဲချော် မှု့တွေကြားမှာ ငါ့သိမ်ငယ်မှု့တွေ ၀ှက်သိမ်းနေတာ မရှက်တော့ပါဘူး။ အာရုံတွေခေါက်သိမ်း ကသုတ်ကရုတ် ငါ ထွက်ပြေးလိုက်ချင်ပြီ။
လွတ်ငြိမ်းချမ်းသာခွင့်က ဘယ်အရပ်မှာ ရှိနေမလဲ။ လွှတ်ပစ်လို့မရတဲ့အတွေးတွေ ငါ့ အရိပ်မှာ ဖတ်ငြိတွယ်လွန်းတယ်။ ဓာတ်တိုင်းက မီးသီးလေး ၀ပ်အားနည်းလွန်းစွာ မလင်းနိုင်တော့ပြီ။မှိန်ဖျော့ တေးသွားလေး တစ်ကိုယ်ရည် ငြီးတွာ ဘုံကြိုးပြတ် သီချင်းလေးပေါ့ကွယ်။ ဟုတ်တယ် ရှက်ကြိုးပြတ်မျက်နှာနဲ့ လူလုပ်တာ သုံညတွေ မီးထတောက်တယ်။ ဒါက မသိကိန်း x မေးထားချက်က y အချစ်ကို ထုတ်ဖော်ပုံက မသိကိန်တွေများလွန်းတယ်။အကြွင်း ဗလာ နေ့ရက်များ စိတ်အဟာရတွေ ဆာဟာဖြစ် အိုး ပက်စက်လွန်းအောင်ပူတယ်။ ဘယ်မှာလဲ တဖြိုက်နှစ်ဖြိုက်ရွာချမယ့် အပြုံးပွင့်တွေ ၊ ဘုရားသခင် ကောင်းချီးပေးပါစေ။ ဆုတောင်းရမလား။ လေဆန်တွေ တရောသောပါးဝင်ရောက်လာတယ်။ သောက အမျောကြီးတွေ ပေါလောကြီး စီးဆင်လို့ပေါ့။
စိတ်ကို တူးဖော်ရတာ ဘယ်လို သံယံဇာတတွေ တွေ့ခဲ့သလဲ။ ၀တ်လစ်စလစ် ပန်းချီကားပါပဲ။ ကင်းဗတ်စပေါ်က မျက်ရည်မြစ်တွေ ၀ါညစ်ညစ် အလင်းနည်းပြီး အမှောင်များတယ် ချိန်ညှိဖို့ ခက်နေဆဲ။ငါ့နံရံမှာချိတ်ဆွဲ ငါ့ဖ၀ါးတွေပါးလျတဲ့အထိ ငါ လေလွှင့်နေပါဦးမယ်လေ။
Posted via Blogaway
Comments
Post a Comment