.............လင်းဆက်ပိုင်
ရင်လှိုက်ဖိုမောအောင် အာသီသပြင်းထန်စွာလွမ်းတယ်
ငါ့အရေပြားအောက် တနေရာက အံဆွဲထဲမှာ
မျှော်လင့်ခြင်းလေး မှိန်ဖျော့လို့ ချောင်ကပ်
နေတယ်
ကိုယ့်ရဲ့ ရာသီလွန်ပန်း နွမ်းရမလား လန်းရမလား
ဒါဟာ ကျွန်တော်ကိုယ်စားပြုတဲ့မသိခြင်း အဓိပ္ပါယ်
ရေခြားမြေခြားတဲ့နွေရာသီမှာ မုသားတွေတသွင်သွင်စီးနေသလို
ဒါဟာ အလင်္ကာချောအောင် ဆက်ဆံတဲ့ယဉ်ကျေးသူလား
နေ့အပူချိန်တွေမြင့်တက်သွား
အဟာရပြည့်ဝတဲ့ မိုးခါးရေတစ်ခွက်နဲ့
ပြောမထွက်တဲ့ စကားလုံးတွေ လည်ချောင်းထဲ တစ်ဆို့ ရောင်ကိုင်း
အသက်ရှူသံနဲ့ ဖန်ဆင်းထားတဲ့
ဟင်းလင်းပြင်ငါ့ကမ္ဘာလေးကို အားနာတယ်
စိတ်ရဲ့အတွင်းသားထဲမှာ ဖွက်ထားရတာ အားနာတယ်
တိတ်ဆိတ်ခြင်းရဲ့ အတွင်းသဏ္ဍာန်မှာ အသံကပြင်ထန်လွန်တာ
ပြောမထွက်ခဲ့ဘူး
အားနာတယ်။
တအားနာလို့ အသံတောင်မထွက်နိုင်ဘူး
ဈာန်အသိမှာ ဂယက်ထနေတဲ့ မျှော်တောင်ယောင် အလင်းများ
ရင်ခုန်ခြင်းမှာ ခိုသံနှောနေရ
အသားမာတက်နေတဲ့ တိမ်တွေတောင်ငိုနေပြီ
အားနာတယ်။
အတ္တတစ်ထပ် အလွမ်းတစ်ထပ်နဲ့
နှလုံသားရဲ့ ဒိုင်ယာရီ မှာ အလွမ်းရဲတိုက်တည်ဆောက်လိုက်တယ်
အမြဲပဲ ခေါင်းဝပ်နေရတဲ့ ရဲတိုက်
လောကလက်ညှိုးတွေ ထိုးနေပုံက
အဂုင်္လိမာလ နဲ့ မတွေ့မချင်း ထိုးမယ့် အမူအရာနဲ့။
စိုးရိမ်စိတ်နဲ့ သတိရခြင်းတွေ
ဘယ်လို အကြောင်းတရာနဲ့ ခက်ခဲနေလဲ
တွေပူမိတယ်....
ကိုယ်ကပဲ စွဲလန်းလွန်းတာလား
မသိစိတ်လှုံ့ဆော်မှု့ဟာ...စိတ်ကိုထင့်စေတယ်
သေချာတာက တစ်ခုခု ဖြစ်နေတယ်ဆိုတာပဲ....
သူ့အကြောင်းတွေးတိုင်း စိတ်ကလေးဖင့်နေတယ်....
ဝေးလွှင့်မှာ ကြောက်နေတာလား
ဒါမှမဟုတ်
စိတ်စွဲလန်းမှု့ရဲ့ ခြောက်လန့်မှု့လား
စဉ်းစားတိုင်းအတွေးတွေအူတယ်
ကျနော် အာသာငမ်းငမ်း ဆုံမှတ်ကို
တ မျှော်နေခြင်းလား
သေချာတာကတော့ ကျနော့ဘဝကို
သူ အလုံးစုံ စိုးမိုးနေတာ ဘယ်လိုမှပြင်လို့မရတဲ့ ညွှတ်ကျတွယ်နှောင်မိနေတာပါပဲ
ကျနော်မတွေးရဲဘူး....
ဘာမဆို ဖြစ်နိုင်တဲ့ လောကဖြစ်စင်ထဲမှာ
မိက်စိမှိတ် ယုံကြည်မှု့နဲ့ ကံတရားက မျက်နှာသာပေးဖို့ ဆုတောင်းမိတာ အခါခါ
လွမ်းတယ်ဆိုတာထက်ပိုတယ်
ချစ်တယ်ဆိုတာထက်ပိုတယ်
ဒါမယ့် ဖြစ်တည်မှု့တွေက ဘာတွေဆ က်ဖြစ်မလဲ...
တကယ်လို့ ဝေးလွင့်ခြင်းဆိုတာရှိခဲ့ရင်
ဖြစ်ခဲ့ရင်..ဒါဟာကျနော်သေတမ်းစာပဲဖြစ်လိမ့်မယ်။
မြတ်နိုးခြင်းသစ္စာများ သံသရာအဆက်ဆက်တည်ပါစေသား။
သတိရခြင်းတွေနဲ့ အလွမ်းနွံထဲ ကျွံကျနေရသူပါ...။
အချစ်ဆိုတဲ့တံခါးဖွင့်ပြီး အိပ်မောကျနေတဲ့ ကာလနဂါးမလေးလား။
ကာလယန္တရားကြီးတစ်ခုလုံး ရပ်တန့်ချိန်ထိ အိပ်စက်လို့ နေမှာလား။
ငါနဂါးခံတွင်းထဲ ဆင်းသက်ပါရစေတော့ကွယ်။ ခက်တာပဲ။တွင်းဝင်မဖြောင့်တဲ့ နေ့ရက်တွေ များလွန်းတယ်။ ငါ့နေ့ရက်တို့ သွပ်သွပ်ခါလည်ပတ်နေဆဲ။
ကိုယ့်အရိပ်တွေကိုယ် မီးလင်းဖိုလုပ်ရင်း ။ ဆောင်းညတွေကို နွေးထွေးစွာလင်းထားတယ်ချစ်သူရယ်။
ညတာရှည်နိုင်လွန်းတယ် ဆိုပေမယ့်။အိပ်မက်ခွင့်မရှိသူရဲ့ ဂယောင်ဂတမ်းဇောချွေးပြန်ညများပါပဲ။ချစ်သူရဲ့ အိပ်ယာဝင် တရားတွေ နာကြားချင်သေးကွယ်။ ရေလိုအေးမြခြင်းတွေလည်း အခုတော့ လှိုင်းတွေအဖြစ် ပြောင်းလဲသွားပါပြီလေ။
ဝိုးတ၀ါးပြာမှိုင်းနေတဲ့ ငါ့မျက်ဝန်းမှ
မြစ်နှစ်စင်း သောကလှိုင်းတို့ ထန်လွန်းစွ။
သူ့ရဲ့အပွင့်အခက်တွေရိုက်နှိပ်ထားတဲ့ ကိုယ့်အသဲနှလုံးလေးအရောင်တွေ စိုလက်နေဆဲပါ။
အလွမ်း
အာရုံပမ်းအောင် ကစားနေသော။
**အလွမ်း**စကားလုံးသည် ။
အင်မတန်မှ သေးနုပ်သော ယေဘုယျစကားလုံးသာဖြစ်သည်။
ခံစားမှု့အခြေပြု၍ဖွဲ့သီခြင်း မဖြစ်တန်ရာ၏။
ရင်တွင်းမှခံစာမှု့အား မှီအောင်ဖွဲ့ဆိုနိုင်ခြင်းကာ.မရှိတော့ချေပြီ။
ဘာသာစကားပေါင်စုံဖြင့် ဖင်တပြန်ခေါင်းတပြန် ဖွဲ့နွဲ့ကြည့်သည်။
အလွမ်းဆိုသော စကားလုံးကို ပြောင်းလဲဖို့ သင့်ပါသည်။
သို့သော်
အစားထိုးရန်စကားလုံး ရှာဖွေသောအခါ အဓိပ္ပါယ် ပြည့်ဝသော
လူတိုင်းလက္ခံနိုင်သော ။
သို့လော သို့လော သာဖြစ်နေတော့သည်။
အဓိက ပြောချင်သည်မှာ အလွမ်းဆိုတာထက် ပို၍ ပို၍ ။
ခံစားမှု့က ကြီးမားနက်ရှိုင်းနေခြင်းပင်ဖြစ်ပါသည်။
အဲ့သလို ခံစားမှု့မျိုးနဲ့ သူမအား လွမ်းနေပါတော့သည်။
Posted via Blogaway
Comments
Post a Comment