ဆည်းဆာ ကသိုဏ်​ ရှူ့ခြင်း

ဆည်းဆာ ကသိုဏ်​ရှူ့ခြင်း

လင်းဆက်​ပိုင်

ချောက်​ကမ်းပါးမှာ ​နေညိုသွားတဲ့
အိုးးး ဆည်းဆား​လေး​ရေ....
ငါ့ရဲ့နုပျိုးမှု့ကို သယ်​​ဆောင်​သွား​ပေါ့
ငါ့ဘဝ ပူ စပ်​ ချဉ်​ ခါး များ အသက်​တစ်​ရက်​ကြီးရင့်​သွား....

ခပ်​ဖွာဖွာ ​တေးသီ​နေတဲ့ ငှက်​​တွေ
နှလုံးသား ရွှံ့ညွန် ထဲက ​တေးသံများ
နိုင်​တင်​​ဂေးလို မချိုမြိန်​ဘူး
ရင်​​ခေါင်းက​နေ ကန့်​လန့်​ထိုးထွက်​သံ
အိမ်​ပြန်​ချိန်​ ​တွေ မိုးချုပ်​​နေတုန်း...

ဘုရားခင်​လည်း ​ကောင်းကင်​မှာ
စကားလုံး​တွေ ဓာတ်​ခွဲ​​နေတုန်း
ဘဝဆိုတဲ့ ယန္တရား အပျက်​​တွေအ​ကြောင်း
ကျမ်းစာ​တွေ နဲ့ ဘဝကို ကျားကွက်​ထိုးလို့​ပေါ့...
ဆည်းဆာ အလှက ခုတ်​ပိုင်​သွာပါပြီ

အိုးးး
ဆည်းဆာ ကသိုဏ်​ရှူ့ခြင်းမှာ
သင်္ခါရ​တွေ တိမ်​​တောက်​လို့
မျှော်​လင့်​ခြင်း​တွေ သိမ်းထုတ်​လို့
စိတ်​ကူး​တွေ​ဖောင်​ဖွဲ့ အိပ်​မက်​အကြီးကြီး မက်​လို့...
ဘဝဆိုတာကြီးကို ရင်​၀ယ်​ပိုက်​​ထွေးထာပါဦး..။
ရောင်​နီကို အိပ်​စက်​လို့ ကြိုလိုက်​ပါဦး ။




Posted via Blogaway

Comments