ကုန်းတပိုင်း ရေတပိုင်းကောင်
လင်းဆက်ပိုင်
သိုဝှက်ထားလိုက်ပါ့မယ် ခံစားမှု့အစုစုတွေ
ဘယ်လို အခြေမှာ ဖြစ်တည်ခွင့် မင်းမူနေနေပေါ့
ပြောချင်တဲ့စကားထက် ပြောခွင့်ရဖို့အချိန်မှ မရှိတာ
ရှင်သန်းခြင်းမှာ အလွမ်းစ အနာစက်တွေ ပွစိထိုးနေပေါ့
ဘာမှန်းလည်းမသိတော့ပါ
ယုံကြည်မှု့လေသာ ပျောက်ကွယ်မအောင်
ပတ်ဝန်ကျင် လက်ညိုးအောက်မှာ
ငါ လူးလဲထရင်း....
မျှော်လင့်သလိုဖြစ်မလာတဲ့နေ့တွေထဲမှာ ရှင်သန်တယ်
ဆန္ဒလွန်ကဲသော အတွေးတွေ ခေါက်သိမ်းထားရင်းလေ
ခွင့်ပြုမိန်မပေးတဲ့ ကံကြမ္မာရယ်
စိတ်ထောင်းကိုယ်ကြေ ပြက္ခဒိန်ရယ်
နှလုံးခုန်နှုန်း နာရီရယ်
အဆင်မပြေသော အသားတကျ ငါရယ်
ချပြစရာမရှိသေးတဲ့ ရင်တွင်းလှိုင်က ရေဒီယိုသံရယ်
အမှတ်ရှိရှိ ဒိုင်ယာရီလေးရယ်
မှုန်ရီအုံ့မှိုင်းနေဆဲ ညနေတွေ
အိပ်စက်ဖို့မေ့လျော့နေတဲ့ ငါ့ညတွေလဲ
မျက်တွင်းဟောက်ပတ်
ဦးထုပ်ဆောင်းထားတဲ့ ကိုယ့်ဇာတာ
ကိုယ့်ကဗျာတွေလည်း ခြောက်ထောက်မဲ့
သူအနား ခစားနိုင်ဖို့ လမ်းပျောက်နေပြီ
လိပ်တစ်ကောင်လို ပင်လယ်မှာရော မြေပြင်မှာရော နေနိုင်ဖို့ ကြိုးစားနေပါတယ်။
၂၈၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment