တိုက်ပွဲပျော်ကြောင်း ရယ်မောကြမယ်
လင်းဆက်ပိုင်
ကောင်းကင်ကကြယ်တစ်စင် မခင်ဝင်းတဲ
လက်ပံတောင်း တောင်ထက်မှာ
ငါတို့တွေ ကို အသက်နဲ့ရင်း လင်းပြသွားတယ်
စနစ်ဆိုးကို လက်ညှိုးထိုး လို့ အသက်ပေးသွာတယ်။
အဲ့ဒီ့လမ်း ငါတို့ဆက်လျှောက်ကြမယ်
ပေါက်ပြာတစ်လက်ရဲ့ ထွန်ယက်သွားတဲ့ ငါတို့ရင်ခွင်
ငါတို့ ငြိမ်းချမ်းစစ်မှန်သော လမ်းကိုသီးပွင့်အောင်
အာဏာရှင်ရေသောက်မြစ်ကိုဖြတ်ရမယ်
ဒါ သူပေးသွားတဲ့ အရေးပေါ်အခြေအနေပါပဲ။
ယုံကြည့်မှု့နဲ့ အသက်
အသက်ကအရေးမကြီးပဲ
ယုံကြည်မှု့ကို ဖက်တွယ် အာဏရှင်ကို
လှတဲ့လှောင်ရယ်သံ သူထွက်ခွာသွားပါပြီ ။
ငါတို့ရော.....
အာဏာရှင်ကို အသက်သေသည်အထိ
ပျော်ရွှင်ရယ်မောလို့ တိုက်ပွဲဝင်ရအောင်။
Posted via Blogaway
Comments
Post a Comment