ခေတ်ပျက်တစ်ခုရဲ့ ပြူတင်းပေါက်ကို ဖွင့်ကြည့်ခြင်း
လင်းဆက်ပိုင်
မတရားမှု့ကို တွန်းလှန်လိုက်တဲ့အခါ
ကျမဟာ ရုတ်တရက် ကြွေသွားတဲ့ကြယ်ဖြစ်သွားတယ်
ရှင်တို့ရင်ကို လင်းနိုင်စေခဲ့တဲ့အတွက် ကျမပျော်ပါတယ်
တမလွန်ကနေလေ စီချင်းထိုးတာ ထိုင်ကြည့်ရင်း
ငရဲကျမယ့် သူတွေ အမှတ်စဉ်ရေနေမိတယ်
တချို့ဟောင်ဖွာဟောင်ဖွာ လက်ပမ်းပေါက်လတ်တာတွေ
ကျမ မနှစ်မျို့ဘူး
တောင်တန်းတွေ လယ်ကွင်းတွေ မလှပတော့တဲ့အကြောင်း
ငရဲမင်းနဲ့ စကားစမြည်းပြောကြည့်တဲ့အခါ
သက်ရှိသေလူတွေက စိုမိုးနေတဲ့ကြောင်းတွေ
အံ့သြစွာ နားထောင်နေတယ်
ခက်တယ် တံစဉ်နဲ့ သေနတ် အလိုရမ္မတ်အတွက်
ရုန်းရင်းဆန်ခတ် ကစားပွဲပါပဲ
ဒီပွဲမှာ ငတေတွေ ယာယီအောင်ပွဲခံနေချိန် ပေါ့
နောက်တော့လည်း အမှောင်မှန်သမျှ အလင်းနဲ့ပျောက်ကွယ်ရစမြဲလေ။
Posted via Blogaway
Comments
Post a Comment