လိုအပ်နေတဲ့ တန်ဆာပလာ
လင်းဆက်ပိုင်
ဖြာကျနေတဲ့ စိတ် အရိပ်တို့ တံခါးပိတ်ဖို့
ခွေကျနေသောအာရုံကန်းတွေလား
ပျော်ရွှင်ခြင်းကို အချိန်တွေက ဘာကြောင့်ကန့်သတ်ရသလဲ
ဂယက်တွေ ဆင့်ပွားများလာပေါ့ ။
ဆက်သွယ်စရာ ကေဘယ်ကြိုးတွေပြတ်နေတယ်
အစီအစဉ် မကျစွာပဲ ငါ့ရွတ်ပွားမှု့တွေ နံစော်နေပြီ
အက္ခရာတွေ စိတ်ပျက်လက်ပျက် ထွက်ခွာသွား
ထင်ယောင်မှု့လေးရေ ပဲ့တင်သံတို့ တိတ်ဆိတ်နေ။
ဘာမဆိုဖြစ်ခွင့်ရှိနေတဲ့ အနေအထားမှာ
ပျက်ပြယ်ခွင့်ကို ငါစိုးရိမ်နေမိ
တွေးခေါ်မှု့များ တဆစ်ဆစ်
လိုအပ်နေတဲ့ အစိတ်အပိုင်လေးက ငါ့အတွက်ခမ်းနားလွန်း
ပြေလွှာ လိုက်ရှာ ဘယ်မှာ ဘယ်လို ဘယ်ထိလဲ
ငါမျှော်နေတဲ့ အသံမှာ လိပ်စာမရှိဘူးရယ်။
တ၀က်တပျက်ငါ့ဘ၀လေး လှော်ခတ်ရာအမှတ်
စိတ်ရဲ့ခေါ်ဆောင်ရာ တရွတ်စွဲလျက်
ခေတ်သစ်ရဲ့ စနစ်သစ်မေးခွန်းဟာ ဖြေရခက်တယ်
ပွင့်လင်းမြင်သာမှု့မရှိတဲ့ တိမ်တိုက်တွေ အုံ့မှိုင်း
သောကတို့ တအူအူနဲ့ ငါ့ ရွတ်လွှင့်နေ ။
Posted via Blogaway
Comments
Post a Comment