သို့
ကျနော်က ကမ္ဘာ သစ်ကို
ရှာချင်နေတာပါ အဖေ
ကမ္ဘာ ကြီးရဲ့ ဟိုက
တဖက်ခြမ်း
အသစ်အဆန်တွေဟာ
ဘာလဲလို့်
စူးစမ်းရင်းနဲ့
ကျနော်နိုင်ခဲ့တာတွေအကြောင်း
အဖေ့ကို
ပြောပြမှာပေါ့
ကျနော်ရဲ့ရှုံနိမ့်ခြင်းတွေက
အဖေ့စိတ်ကိုပမ်းစေမှာမို့
ဝှက်ထားလိုက်မယ်နော်
အသိပညာ
အတတ်ပညာ
စားဝတ်နေမှု့ အရေးကြီး ၃ပါးနဲ့
သူတို့ဟာ
အပြေးအလွှားတွေ
မောမောပန်းပန်းတွေပါပါပဲ
အဖေ
ကျယ်ပြောတဲ့စားကျက်ခင်းကြီးမှာ
ပြေးသူပြေး
ရပ်သူကရပ်
လဲသူလဲ
တေးသီချင်းတွေ ဟစ်အော်
ဘ၀ကို စိန်ခေါ်သူတွေလဲ ရှိရဲ့
တနေရာမှာ
ချောင်ပိတ်မိ
နင်းပြားတချို့ ရဲ့ ခံစားချက်
ကဗျာအတိုအစတွေလဲ
တွေ့ရပါရောလား
အဖေရယ်
ညနေခင်းတွေမှာ
နေ၀င်ချိန်အတူကြည့်
ချစ်ခြင်းစုံတွဲတွေကတော့
ဘ၀ရဲ့
အပူအအေး
မသိမေ့မျောနေလေသလားမသိ
ကျနော်ပြုံးမိရဲ့
ကျနော့်ခေါင်းကိုသာသာခေါက်ပြီး
တော်စမ်းကွာ ဆိုတဲ့
အဖေ့အသံ
ရင်တနေရာက
ကြားရတယ်
အဖေ
ဆောင်းညတွေ
နွေညတွေ
မိုးညတွေ
အများကြီးပဲ ကျော်ခဲ့ပြီ အဖေ
အလွမ်းစိတ်တွေနဲ့
ကျလုခင်ခင်
မျက်ရည်တွေကို
ထိန်းချူပ် ရင်း
အဖေ့သားဟာ
ဘာမထီတဲ့
ဇာနည်ဘွားပဲကို
ဝန်ခံချက်တစုံတရာမှာ
အဖေသဘောမကျခဲ့ရင်လေ
အိမ်ပြန်အရောက်
အဖေ့ရှေ့မှောက်မှာ
အပြစ်ခံယူပါ့မယ်
အဖေ့အိမ်လေး
အပြုံးနွေးနွေး နဲ့
သန်မာနေဆဲ
အဖေ့လက်တွေဟာ
သားအတွက်
အားတွေဖြစ်မှာပဲ
အဖေ
စင်သီယာ
၃၀ရက် ရလ ၂၀၁၄
Posted via Blogaway
Comments
Post a Comment