အမြဲတမ်း စိတ်နဲ့ ...
လင်းဆက်ပိုင်
ခြေလှမ်းအကြွေလေးနဲ့
ဒီလမ်းတလျှောက်ခရီးနင်းဆဲ
သောကတွေအရေခွံခွာချ
အိပ်မက်ကလေးကိုမျှော်.....
အနေဝေးခြင်းလမ်းထက်
ပိုကြမ်းတဲ့လမ်းလေးလည်း
လျှောက်ရဲပါတယ်
မသိတသိကိုယ်စိတ်တွေ
ပြန်ဖတ်ကြည့်တော့
ခပ်ရင့်ရင့် ရူး
ဘယ်အချိန်ကများ
မွန်းတည့်နေတာလဲ
ဒါကို
အေးချမ်းခြင်းလို့မှတ်ယူရင်း
အသာအယာ စိတ်ချော့တေး
ညည်းဆိုခဲ့
အဖော်မစုံ
အဆီအငေါ်မတည့်မှု့ကြီးစိုးစွာ
ဆူညံရှုပ်ထွေးမသွားစေပဲ
တိုးတိုးလေးလွမ်းမယ်
စက္ကန့်နဲ့အမျှပေါ့
တရိုတသေ လွမ်း
မနက်ဖြန်ဆိုတာ ရှိနေသေးရင်း
ဒီလိုပဲဖြတ်သန်းပါဦးမယ်ကွယ်။
Posted via Blogaway
Comments
Post a Comment