ဘောင်အတွင်းက အသက်ရှူသံ
လင်းဆက်ပိုင်
ပါးလျတိုးညှင်းစွာသော ဥပေက္ခာ နဲ့
တိုးတိတ်ဆိတ်စွာ ငံလင့်နေမိတယ်
အချိန်ပိစိကွေးလေးလောက် ငါပိုင်ဆိုင်ချိန်လေး
သူလက်ဆောင်လာပေးမလားလို့ကွယ်
ဝမ်းတွင်းရူးဖြစ်တည်မှု့လေး ဖြေလျော့နေရတယ်။
သိပ်သည်းပြင်းပြလွန်းတဲ့ စိတ်ကို
ဂုဏ်တော်ကွန်ခြာနဲ့ ချွန်းအုပ်လို့
အကြေအမွစိတ်ကလေးကို အဖတ်ဆယ်ထားရင်း
ဖေကူးရာမဲ့ တို့နှစ်ဦးရဲ့ နွမ်းပါးလွန်းတဲ့ ရာသီခွင်
၁၂ရာသီပန်းတို့ အလိုလို ညိုးခြောက်နေရပြီကွဲ့။
နှစ်ဦးသားရင်ညွန့်က ကျလာတဲ့
ခွန်ချိုစကားတွေ အကုန်းလုံး
ဝရုန်းသုန်းကားဖြစ်အောင်
လေနီကြမ်းတွေ ငါတို့ကြားမှာ ထန်လွန်းတယ်
ဒဏ်ရာတွေ ပြင်းထန်းလွန်းတယ်မဆိုချင်ဘူး ဖိအားဒဏ်နဲ့ ရင်ခွင်ရိုးပြတ် မြို့လေးရယ်။
တစ်ယောက်စိတ်ကို တစ်ယောက် ဌာပနာထားရင်း
ကိုယ်စီလေးမြတ်မှု့နဲ့ တုန်လှုပ်ခြင်းအလျင်မရှိ
ကွေးညွှတ်ထားမယ် သက်တန်လို
မျက်ရည်စအနည်းငယ် စိုစွတ်ယုံလောက် လှကြတယ်
စိတ်တွေ ရဲရဲ မဟ ရဲသေးဘူးကွယ်။
Posted via Blogaway
Comments
Post a Comment