**တောသူမရင်ထဲက ပန်းတစ်ပွင့်**
ပန်းတစ်ပွင့်ရဲ့ လှပတဲ့ အရောင်အသွေး
ကြွယ်ဝပြည့်လျှံနေတဲ့ ဥစ္စာဓန ရှိနေလည်း
ပွင့်ဖတ်ကလေးများက အားကိုစရာ
ရင်ခွင်ဥယျာဉ်ကို အလိုရှိတယ်။
ကြွေလွယ် နွမ်းလွယ် ဆိုပေမယ့်
ရနံ့တွေ သင်းမြတယ်
အေးငြိမ်းချမ်းမှု့တွေ ရှိရာ
မှီတွယ်စရာ ရင်ခွင်ကို ဆာလောင်တယ်
ဒါဟာ အသိဥာဏ် ရဲ့ အတွင်းသား
အဇ္ဈတ္တထဲမှ တိုးညင်းတဲ့ ဆာလောင်မှု့ပါပဲ။
တခါတခါ လိုအပ်ခြင်းတွေရဲ့ အပြင်ဘက်မှာ
အတ္တ၊ မာနတွေ က
မေတ္တာစစ်လို ဟန်မူရာတွေ ဖြာယောင်တဲ့ အခါ
ပန်ကလေးဟာ ဥပေက္ခာ နဲ့
ပွင်လွှာတွေငုံလို့ အလှတရားတွေ ဖွတ်ထားလိုက်တယ် ။
ဝန်တိုမှု့တွေများတဲ့ လောကအတွက်
အလှတွေကို ခေါက်သိမ်း
အသိတရားနဲ့ ချွန်းအုပ်လို့
အရှိတရားဆူးတွေနဲ့ မာန်ဝင့်ရတာ
ဆူးတစ်ချောင်းပေါ် စွန်းပေတဲ့ အရာတွေအတွက် ...။
ဘယ်သူမှမဖွဲ့နွဲ့ ကြ
ဆူရဲ့အဆိပ်ဟာ မာနတွေလိုဟန်ဆောင်
အခြားတစ်ဘက်မှာ ရှက်ရွံ့စွာ သိမ်ငယ်သွားတာ
ပန်းကလေး ရဲ့ နုညံ့မှု့ကြောင့် ဘယ်သူမှမသိဘူးရယ်။
Credit >>>> Aurora
Posted via Blogaway
Comments
Post a Comment