ကိုယ်​တွင်းက​လောက်​များ

ကိုယ်တွင်းက လောက်များ

လင်းဆက်ပိုင်

နှလုံးသားတွေ ဗောင်းလန်နေတာ ဗေဒင်မေးဖို့မလို
အကျိုးအကြေ ဘ၀ကို ဆိုးပေတယ်လို့ သတ်မှုတ်
ရုတ်မာပက်စက်သူတို့ရေ  ပြဲလှန်အောင် ငါရယ်လိုက်မယ်
ခလုတ်နိပ် စနစ်နဲ့ ပြည်တွင်ဖြစ် စစ်ပွဲတွေ
အဓမ္မသိမ်းနေတဲ့ လည်ချောင်း တွေ ။

ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးကြောင်း
ဘ၀တွေ မွဲပြာကျအောင် ဟိန်းဟောက်သံတို့
စိတ်ပျက်အောင် သိပ်လုပ် ဟိတ်လုပ်နေတဲ့ကောင်တွေ
ဝိညာဉ်နုတ် တယောထိုးလို့ ပျော်ရွှင်နေတာ
အပါယ်ဘုံမှာ မကျွတ်လွတ်တော့မယ် အစိမ်းရောင် သီချင်းတွေ
ရဲ့ရင့်စုတ်ပဲ့နေတဲ့ အဇ္ဈတ္တယုတ်ညံကောင်တွေ။

အရိုင်းစိုင်းကောင်တို့ ပြည်သူ့မေတ္တာစူး
အရူးရင့်ရင့် အပုန်းကောင် မိန်မဥာဏ်တွေနဲ့
ယုတ်ကျစ်ကောက်ကွေး မှန်ရှေ့ လူရှေ့သူရှေ့
မျက်နှာမပြ၀ံ့သူတွေ သေနေတာ သေမှန်းမသိသေးတဲ့ လူ့ငနွားတွေ (နွားလောက်တောင်သုံးမရသူတွေ)

အာဏာကို ပါဝါထည့် လက်နက်ကိုင် အဖွဲ့အစည်းနဲ့သတ္တိ ရှိနေကြတဲ့ကောင်တွေ
သြချရလောက်အောင် သမိုင်းမှာ မျက်နှာငယ်နေရသူတွေလေ
ဘီလူးသဘတ်စီးသလို ရယ်မောနေကြ
တဒိုင်းဒိုင်းပစ်ရင်း အူမြူးနေကြတဲ့ ခွေးဇာတ်ကနေသူတွေ
သွေးမရှိပဲနထင်ရောက်နေတဲ့ ပြည်သူ့ စင်္ကြန် ပေါ် လျှောက်နေသူတွေ

ပြေးတော့ဟေ့ ပြေးပြေး ပြေးကြတော့ဟေ့
ဒင်းတို့ကို လောကပါလကြီး ရိုက်ဖို့ လာနေပြီ
ခွေးသရေပုရပိုက်နဲ့ ငရဲမင်းကြီး မှတ်ထားပြီ
ပြေးပြေး ပြေးသော်လည်း မလွှတ်မြောက်တော့ပြီ
စိတ်တွေကြောင့်ကျ စားမ၀င် အိပ်မပျော်နဲ့
ဘုရား ဘုရားတလည်း မရတော့ပြီ
အရှင်လတ်လတ် ငရဲကျနေပြီ...
ညစ်ညမ်းခဲ့သမျှ လူပြန်မဖြစ်တော့အောင်
ပြိတ္တာဘုံ မှာ ကျင်လည်းရတော့မည်။


Posted via Blogaway

Comments