လင်္ကာမဲ ရာသီအဟာရ

အလင်္ကာမဲ့ ရာသီအဟာရ

လင်းဆက်​ပိုင်

အရင်​က ဂစ်​တာတီးပြီး လွမ်းတဲ့​ကောင်
အလွမ်းကြိုးညှိရခက်​​တော့
အခု ကဗျာ​ရေးပြီး လွမ်းတက်​ခဲ့ပြီး
ကာရံမဲ့တာများပါတယ်
ဟုတ်​တယ်
ရင်​ဘတ်​က ​ပြေ​ပြေပြစ်​ပြစ်​ စီးဆင်းဖို့
ချွေး​တွေပြိုက်​ပြိုက်​ကျ​နေရ​ပေါ့။

ကိုယ့်​ရင်​ဘတ်​ရဲ့ ဘင်​ခရာသံ
ဘယ်​သူမှမကြားနိုင်​ပါဘူး
သူ​လေးလည်းမကြားခဲ့ဘူး​လေ
ဘင်​ခရာတီးလုံးနဲ့ အလင်္ကာ​တေးသီချင်းသီချင်​တာ....
ကာရံမ​လေးနဲ့ ညှိ ရ ခက်​ခဲ့လွန်းတယ်
အေးချမ်းတဲ့ လ၀န်းထဲ ငါ့​​လှော်​တက်​ကျိုးတဲ့ သံစဉ်​​တွေ စီးဆင်းရခက်​ပြီ။

နှလုံးသားအခင်းအကျင်းဟာ....
သုံရာသီလုံး အလွမ်းမွှန်​ထူးလွန်းစွ
မျက်​၀န်းမှာညို့တက်​လာတဲ့မိုးရယ်
မြောပြန်​​လေ နဲ့ ဟူးဟူးဟဲဟဲ နှင်းစက်​​တွေရယ်
လေရူး​လေ​ဝေ့မှာ သြဥသံ စိုက်​၀င်​​နေတဲ့ရင်​ဘတ်​ရယ်
မသတီစရာလှလွန်းတဲ့ ကိုယ့်​ရာသီ​တွေရယ်​....။

အဆီအ​ငေါ်မတည့်​တဲ့ ပစ္စုန်​ပ္ပန်​ မှာ
လင်း လင်း လင်းထားရင်း
ဝေ ​ဝေ ​ဝေ​အောင်​ တ ဆာ ဆာ
ဖူး ဖူး ဖူး နဲ့ ဂါထားရွတ်​​နေမိ​တော့တယ်​။



Posted via Blogaway

Comments