ဘာခလုတ်​မှမနိပ်​ခဲ့​သော ​ရွေ့လျားမှု့မိား

ဘာခလုတ်​မှ မနိပ်​ခဲ့​သော ​ရွေ့လျားမှု့များ

လင်းဆက်​ပိုင်

ဖန်​တီးတည်​​ဆောက်​ခွင့်​မှမရှိပါပဲ
အားမနာပါနဲ့​လေ ​မေ
ဒိုင်​ယာရီထဲမှာလည်း ဘ၀င်​ညိုး
အ​ကြေစ​တွေ မ​ရေးချင်​​တော့ပြီ​လေ ​မေ
လေအရိပ်​​တွေ လွင့်​လွင့်​​ဝေပါ​စေ ​မေ ။

မေ​ရေ
ဆိုက်​​ရောက်​ချိန်​မရှိတဲ့ ရထားကို
ေ​ငးမျှော်​​နေရခြင်းလည်း
အပွင့်​အခက်​​ဝေပါ​စေ ​မေ
လောကရဲ့နစ်​မွန်းမှု့လို့
ပျော်​ရွှင်​ခြင်းမှ ဒုက္ခအတိပြီးသည်​အထိ
ကိုယ့်​အညှာ​တွေ လွယ်​ပါရ​စေ​တော့​လေ ​မေ ။

စိတ်​ခံစားမှု့ဆိုတာလည်း ​မေ ​ရေ ။
ဂဏန်းသင်္ချာမှ မဟုတ်​ပါပဲ
ခံစားမှု့တို့ အတိုး အ​လျော့ လုပ်​လို့ရစတမ်းလား
ပေါင်း ၊နှုတ်​ ​၊မြှောက်​၊ စား မရှိ​တော့ပဲ
အကြွင်းမဲ့ ချစ်​ခြင်းတစ်​စုံ ယူပါ​လေ ​မေ ။

ငါ အ​လေးအနက်​ ​တောင်းဆိုဘူးရဲ့
တေး​အေး​အေး သီချင်း​တွေလည်း
အပူများတယ်​ထင်​ရင်​ မဆိုညည်းပါနဲ့​တော့​​လေ
ခဏတာ ဧည့်​သည်​​တွေပါပဲ
အ​ကွေ့တစ်​ခုမှာ
ရင်​ဘတ်​ခြင်းခလုတ်​တိုက်​ခဲ့ကြတာ ​မေ ရယ်​ ။

အမှတ်​တရ တစ်​ခုဟာ တခုတ်​တရ ရှိစရာမလိုဘူးဆိုရင်​​​လေ ​မေ ​ရေ
ပစ်​စလက်​ခတ်​ လှုပ်​နှိုးစရာ​တွေ ထားခဲ့​လေ
ရှည်​လျားတယ်​ ထင်​တဲ့ အချိန်​တဗွတ်​စာ​လေး​တွေပါ ​မေ
ကိုယ့်​အသံမှာ ခြံစည်းရိုးမရှိ အကာရံမဲ့
ရိုးစင်​လွန်းတဲ့ စိတ်​အတွင်းက အသံပါပဲ​လေ။

၃၁၁၂၂၀၁၄

Posted via Blogaway


Posted via Blogaway

Comments