ရင်ခုန်သံရှိရာ အရပ်သို့.....
့လင်းဆက်ပိုင်
အချစ်ရေ...
ဝေးလံခေါင်ပါးသော အရပ်၌ ရှိနေပါသလော
လောကအလင်းတို့ ဘယ်သူမှုတ်ငြိမ်းခဲ့ပါသနည်း
မမြင်နိုင်တော့ချေပြီး အိပ်မက်လမ်းလေး မှောင်လွန်းလှချေပြီလား
မကြာခင်မှာ နှစ်သစ်ကို ရောက်ရှိလာတော့ မယ့်
နေခြည်စတွေ
ငါမှာ ၀ါကျန့်ကျန့် ညိုညစ်သောစိတ်တို့နဲ့ ဖြတ်သန်းရပေးဦးမည်
အချစ်ရေ...
ငါ့တစ်ကိုယ်လုံး လောင်ကျွမ်းနေတဲ့ ရစ်သမ်မီးတောက်တွေနဲ့
စိတ်ကိုယ်နှစ်ပါး ရွှန်းရွှန်းဝေအောင် သီဆိုပါဦးမည်
အမှောင်တွေထဲတိုးဝင် သောကပင်လယ်ကိုလည်း မီးချို့ပစ်လိုက်ပါမည်
ဒုက္ခဆိုသော လောကခံမာကျောကျောကြီးကိုလည်းကျောသပ်ချလို့ ချော့မြူပါဦးမည်။
အချစ်ရေ....
ရူးသွပ်ခြင်းများနဲ့ ကောင်းကင် တံခါးတွေ ဖွင့်ဖို့ ကြိုးစားနေဦးမည်
အဘယ်ကြောင့်နည်း
ယုံကြည်လေးမြတ်ထားသော စိတ်နှစ်လုံးအဟုန်တို့သည် သူ့ဆီသာ စီဆင်ချင်နေတော့သည်
အတာအဆီး အချိုးအကွေ့တွေကား ဓား လှံ များလို့ ချောင်မှအလစ်ထိုးဖို့စောင့်နေကြသလော
မမှု့တော့ပါပြီ
ရှင်သန်ခြင်တို့သည် သူဆီ၌သာ ကိန်းဝပ်နေ၍
ငါ့ခြေလှမ်းတွေ နောက်သို့ ဆုတ်မရတော့ချေပြီ
အချစ်ရေ...
ချို့ယွင်းနေဆဲ တွေ့ဆုံမှု့အတွက်
လောင်မြိုက်နေသော ဝေဒနာတွေ ပိုက်ထွေးရင်သာ
နေရောင်ခြည်အဟာရပြက်တဲ့ချိန် လရောင်တွေချွတ်ချုံကျချိန်အထိ
လေးမြတ် ဦးညွှတ်၍ မှိတ်တုပ်မှိတ်တုပ်အရိပ်များနဲ့ အော်ခေါ်နေပါဦးမည်
ချစ်သူ ကြားပါစ
ကိုယ်ဘ၀တစ်ခုလုံးမကုန်မချင်သာပေါ့
နှစ်သစ်မှာ စိတ်နှစ်လို့ မင်ရှိရာ အားမနာတမ်းရွေ့စီးဆင်းနေပါဦးမည်။
၃၀၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment