လမ်းက​လေး(သို့)​မျှော်​လင့်​ခြင်းဒဏ်​ရာ

လမ်းက​လေး (သို့)​မျှော်​လင့်​ခြင်းဒဏ်​ရာ

လင်းဆက်​ပိုင်

ရန်​ခုန်​သံ​တွေ​ဆွေ​စောင်းသွားတဲ့ည​နေတစ်​ခုမှာ
ခုတ်​ပိုင်းသွားတဲ့ ဆည်းဆား​လေး​ရေ ။
အသိ​တွေ ကန်း​နေသလိုမျိုး ည​နေ​တွေ ​မှောင်​​နေတယ်​။ တိမ်​အုပ်​​တွေ ရုတ်​ရုတ်​သဲသဲ ​လေနှင်​ရာကို ဆန့်​ကျင်​​နေကြတယ်​။ ​လှေနံဓားထစ်​ ရွာချချင်​တဲ့​နေရာ သတ်​မှတ်​ခွင့်​ မရှိဘူးကွယ်​။

မှိန်​ပျပျလမ်းက​လေး ညှိုး​ခြောက်​​သွေ့ အထီးကျန်​​နေဆဲ။အချိန်​ဆိုတဲ့ ဓားချက်​​တွေ​အောက်​မှာ ​ခေါင်းငုံ့လို့ ။ သခင့်​ဘယ်​အချိန်​​လျှောက်​လာမလဲ။
ငြိမ်​သက်​။ အသံ​တွေ​ပျောက်​ဆုံးသွားတာကြာပြီ။
ဘေးတစ်​ဖက်​တချက်​မှ ကိုက္ကိုပင်​တို့ တ​သော​သောရယ်​​နေကြပြီ။ လမ်းက​လေးက သိမ်​ငယ်​​နေဆဲ။ တ​နေ့​နေ့ ဆိုတဲ့ ​မျှော်​လင့်​ခြင်းဒဏ်​ရာ သူ​ကျောမှာ တန်းလန်းနဲ့။

ဒီလမ်း​လေးမှာ အရင်​က တီတာခွန်းဖွဲ့စကား​တွေ
ခုံတန်းပြာ​လေးသိတယ်​။ ခုံပြာ​လေး ​ဆေးသားပြယ်​လွင့်​။ သူ့မျက်​၀န်း​တွေ အ​ဝေးတ​နေရာကို ​ငေးရီလို့ တစ်​စုံတစ်​ရာ ကို ​မျှော်​​နေသလို။ ခြစား​နေတဲ့ ခုံအ​ခြေက အ​တွေး​ဆွေး​ဆွေး​လေး​တွေလား။ သခင်​​ရေ ငါ့အ​တွေးမှာ ပုံရိပ်​တို့ ခြ​တွေ​တောင်​တက်​​နေ​ပေါ့။ဆွေးတယ်​။

ဒီလမ်းက​လေးဟာ ကိုယ်​တိုင်​ဖန်​တီးထားတဲ့
ရူးသွပ်​မှု့လမ်းပါပဲ။ လမ်းက​လေးက ဘ၀အ​မော ​သောကနဲ့ အတွင်းဒဏ်​ချက်​​တွေပြည့်​အနှက်​ကို၊
ကိုယ့်​လျှာနဲ့ကိုယ်​သပ်​ချရင်း။ ကိုယ်​ထူကိုယ်​ထစနစ်​နဲ့ တည်​​ဆောက်​ထားတဲ့ အိပ်​မက်​ဆန်​​သော လမ်း​လေး​ပေါ့။ တစ်​စုံတစ်​ဦး​လျှောက်​ဖို့ ဖြန့်​ခင်းထားတဲ့ လမ်း။ ဘယ်​အချိန်​မှန်းမသိ​သေးတဲ့ ​ခြေလှမ်း​လေးကို ​မျှော်​ရင်း....။

သူ​ကျောရိုးတစ်​​လျှောက်​ ​လောကဓံ​လေရိုင်း​တွေကြံ့ကြံခံ​နေရင်း...။ ရှည်​လျား​သော သက္ကရာဇ်​ ​တွေထဲ
သဲကြီးမဲကြီး ​လောင်​ကျွမ်း​နေရင်း..။သခင်​မျက်​နှာ တိမ်​​တောင်​တိပ်​လိပ်​​တွေကြား ရှာ​ဖွေ​နေတုန်း။ ​နေ့ရက်​တို့ တ၀ီဝီ ပျံသန်း​နေဆဲ​လေ။တအိအိပြိုကျလာတဲ့ မျက်​နှာမည်း(မဲ)တိမ်​​တွေ ​ကြောင့်​ နှလုံသားဟာ ကလန့်​ထိုးချိန်​မရခဲ့။
ဗလာကျင်း​လွှမ်းခြုံ
နေတဲ့ လမ်းက​လေးဟာ အထီးတည်း အိပ်​စက်​မရနိုင်​​သေး​ချေ။လမ်းက​လေးဟာ အရှက်​တရားမဲ့စွာ သခင်​မကို ​မျှော်​​နေ​လေ​တော့သည်​။







Posted via Blogaway

Comments