မလင်းပြာဖတ်ဖို့အလွမ်းစာ ၁၅
မလင်းပြာရေ...
ကိုယ်လေးမြတ်ထားတဲ့ အရာမှန်သမျှ မေ့တယ်ဆိုတာမရှိဘူး
ဆိုရင်ပေါ့....
နောက်ဆုံးထွက်သက်ထိ
သတိရနေတတ်တာမျိုးးပါတဲ့
့
သူငယ်ချင်းတစ်ယောက်ရဲ့ စကားဟာ
ငါရဲ့တွေးမှု့နယ်ပယ်ထဲ
ခေါင်းလောင်းထိုးသံလို ချက်ပေးတယ်...
ဟုတ်တယ် မေ့လို့မရတဲ့ ဖြစ်တည်မှု့တွေ ရှိခဲ့ကြတယ်....
***အရမ်းချစ်မှချစ်***
***သဲ သေမှခွဲမယ်***
***အရမ်းချစ်တယ် ကိုကို***
ဒါဟာချစ်သူရဲ့ ပန်းအလင်္ကာသီချင်းသံပါ...
ဒီအသံက ကိုယ့်ရဲ့ ယန္တရား တစ်ခုလို
လည်ပတ်နေဆဲပါ ....လင်းပြာရယ်
ဒါမယ့်ကွယ် ပစ္စုန်ပ္ပန် မှာ အချိန်တွေက
ကွေ့ကွင်းခြင်း ဓား၊လှံတွေလို ထိုးနှက်နေတယ်
လရောင်ဆမ်းတဲ့ကုမုဒြာညတွေ ပျောက်ရှအောင် ဖန်တီးနေတဲ့
ဆိုးမိုက်မွှေနှောက်သူကံကြမ္မာဇာတ်ဆရာ...
အပြုံးတွေလမ်းလျှောက်ဖို့ ဖိနပ်ပျောက်နေရတာ...ခက်ပါ့ကွယ်။
အဲ့ဒီ့ကံကြမ္မာဆိုတဲ့ကောင်က အမြဲတမ်း
ငါတို့မျက်နှာ မသာမယာဖြစ်အောင်လုပ်တယ်...
အပစ်ဖွဲ့လေညှင်းတွေနဲ့ ရိုက်ခွဲဖို့လည့်းဆွံ့အနေတဲ့ ငါ့လျှာခင် ...
အချိန်ရထားလှလှပပဆိုက်ရောက်ချိန်သာ မမောတမ်းသီချင်တွေ ဆိုမယ်ကွယ်...
ပျော်ရွှင်ခြင်းဇာတ်ရုံ တင်ဆောင်လာမှာလား....။
လောလောဆယ်တော့ ရင်ဘတ်ကိုတီးခတ်
အတင်းပြောသူတွေကြားမှာ မျက်နှာငယ်တဲ့ စူးစူးဝါးဝါး သီချင်းတွေဆိုနေတယ်...
အိပ်မက်ထည့်သိမ်းထားတဲ့လေပူဖောင်းလေးလည်း
ပတ်ဝန်းကျင် လက်ညိုးတွေကြား မှာ
အားတင်းကာ အကြောတင်းထားရတယ်ကွယ်။
ဒါဟာလက်ညိုးတွေကို ခုတ်ပိုင်းလိုက်တဲ့ ငါ့ရဲ့ ဓားတေးသွားပဲဖြစ်တယ်
ကျနော်မလင်းပြာကိုချစ်တယ်လေ။
Posted via Blogaway
Comments
Post a Comment