ညီမလေး ဝေ ဖတ်ဖို့ ပုံနှိပ်စာ
လင်းဆက်ပိုင်
ဘဝရဲ့ ဥပဓိရုပ်က သောင်တင်နေတဲ့သင်္ဘောလို...
လောကပင်လယ် ထဲ ပျံသန်းခြင်းမှာ
နေ့ညများစွာ အမှားတွေစည်စည်ဝေေ၀
လူလုံးမလှတော့ ပြီ....။
ကံဆိုးခြင်းရောဂါပိုးမွှားတွေ နဲ့
ရုပ်နာမ် နှစ်ပါး ဖောက်ပြားတဲ့အသက်ရှူမှု့တွေနဲ့
အချစ် အမုန်းတွေကြား လှိုက်လှိုက်လှဲလှဲ
စိမ့်စိမ့်မြေ့မြေ့ ဆာလောင် မွတ်သိပ်ရသူပါ။
ပုထုဇဉ် ခေါင်းစဉ်အောက်မှာ ....
သူကလေးကို စွဲလမ်း မိ တယ်
*ဝေ* နှလုံးသားရဲ့ ခေါ်နေဆဲ အသံ
မသေချာမှု့တွေ ဝေ စည် နေတာ လား??
ကိုယ့်သုံညတွေလည်း မ၀ိုင်းစက်တော့ဘူး
ပိန်ချွန်းချွန်းနေ့ရက်များ...။
ဒီလို အဆင်မပြေမှု့ ကပ်ပါးပိုးမွှားတွေ
ခမ်းနားစွာ ကြိုဆိုလိုက်ပါတယ်
အမှန်တရား ၊ရိုးသားခြင်း ၊ချစ်ခြင်းတွေနဲ့
လ စကား ၊ကြယ်စကား တွေဖွဲ့သီဖို့
စကြာဝဠာ ရဲ့ သေးငယ်တဲ့ထောင့်မှာ
ရပ်နေတဲ့ အမှိုက်ပုံလို ကောင်းလေးပါပဲ။
ခိုသီချင်းတွေ ကြယ်နီဆေးလိပ်မီးခိုးတွေကြားးးစီးမျောရင်း
မှော်သားဓာတ်တွေကိန်းဝပ်နေတဲ့
နှလုံးခုန်ချက် တနေ့ တစ်သိန်းတိတိမှာ
ငါ့ကဗျာဒြပ်စင်တွေ အရောင်ကွဲပြားစွာဖိတ်စင်နေတယ်ကွယ်
မီးခိုးမှိုင်းစွဲ့ နေ့ရက်များပါပဲကွယ်။
ကျနော် ၀င်းထိန်ကြည်သာခြင်း
ကျနော် မျှော်လင့်ခြင်းတွေ ....
*ဝေ* ရဲ့ အပြုံးမှာ ရိတ်သိမ်းခံလိုက်ရပြီလေ
ကိုယ်ကိုင်ထားတဲ့ ဆောက်သွားအကျိုးလေးနဲ့
အလှဆုံးထုဆစ်ချင်တာ အိပ်မက်ထဲကအိပ်မက်လိုပါပဲ...
ကျနော် ရူးကောင်းတုန်းလေ *ဝေ*။
ရိုမန်တစ်ဆန်တဲ့ ရုပ်ရှင်တွေက ကိုယ့်အတွက်တော့ ဟာသပါပဲ
ဆေးကွဲနေသူတစ်ယောက်ရဲ့ စိတ်ကူးမျိုးနဲ့....
ငါ ရိုမန်တစ် ဆန်လိုက်ရုံနဲ့ ပြီးပြည့်စုံမှာလား
ဒီအတွေးမှာ ငါ့ပုလဲဥတို့ မင်း ဇယ်တောက် ကစားလိုက်ပါဦးကွယ်။
နက္ခတ်ဗေဒနဲ့ပဲတွက်တွက်
ပြက္ခဒိန် နဲ့ ပဲ တွက်တွက်
အလင်းနှစ်နဲ့ပဲတွက်တွက်
နေနာရီနဲ့ပဲတွက်တွက်
ရေနာရီနဲ့ပဲတွက်တွက်
သဲနာရီနဲ့ပဲ တွက်တွက်
အလွမ်းတွေ ထုံဝေမွန်းကြပ်နေဆဲ
ကိုယ် သိပ်ချစ်တယ် ဆိုတာထက်
လေးမြတ်စွာ ဖွဲ့သီဖို့ခက်တဲ့ ချစ်ခြင်းမျိုးနဲ့ပါ *ဝေ*။
အဲ့သလို ကိုယ့်ချစ်ခြင်းကို လည်စင်းပေးပြီး ချစ်တယ် *ဝေ* ရယ်။
Posted via Blogaway
Comments
Post a Comment