သတ်​ပုံမှားတဲ့​ကောက်​​ကြောင်း

သတ်​ပုံမှားတဲ့ ​ကောက်​​ကြောင်း

လင်းဆက်​ပိုင်

သက်​ပြင်း​တွေခါးကုန်း​အောင်​ရုန်းခဲ့ရ
ဆောင်​ရာသီဆန်​တဲ့​လောကဓံမျက်​၀န်း​တွေ ကြားမှာ
ငါအရှင်​လက်​လက်​ နရက်​​ မှာ ကျ​ရောက်​​နေသလို...

ဖြန့်​ခင်းထားမိတဲ့လမ်းမှာ ငါတူး​ဖော်​ကြည့်​တယ်
ပိန်​ချွန်းတဲ့ အက္ခရာတစ်​လုံး​တောင်​မ​တွေ့ရ...
ငါ့ကိုယ်​ငါ ​​လောင်​မြိုက်​ပြီးးး
သင်္ဂြိုလ်​ခဲ့တယ်​။

တရှူးထိုးငါ့မိုက်​ကမ်းမှု့ လက်​ခုပ်​တီးပါ
နာကျင်​စရာသက္ကရာဇ်​ ဆက်​ထုံး​တွေ
ဖြိုဖျက်​ ခဲ့ချင်​ပြီ...
အလှစစ်​စစ်​ကိုဖတ်​ဖို့ ဘာသာစကား​တွေမလိုအပ်​ဘူး​လေ...။

ငါက အရိုင်းဆန်​တဲ့ မသိကိန်းတစ်​လုံးပါပဲ...
ဘဝဆိုတာ အထူးအပါးမညီတဲ့ နမ်​ပြားတစ်​ချပ် ဟန်​အ​မူရာနဲ့
အိပ်​မက်​​တွေ အဖုအဖိန့်​ကြွလို့..
လောကဓံ ခပ်​ကျဲကျဲ ဆက်​ဆံ​ရေး​နဲ့ မြိန်​ခဲ့တယ်​...။

စိတ်​လက်​ရွှင်​စွာ ​ဘောင်​ဘင်​ခတ်​ဖို့
ငါ့မှာ ​ရေတစ်​စက်​မှမ​ရှိသေးတာကိုက ​ပျော်​စရာ...
ကြယ်​ လ စုံလင်​ ဟင်းလင်းပြင်​​တဲအိမ်​​လေးလို ​လောကဓံမျိုး
အာရုံဦးတိုင်းမှာ လှပခြင်း​တွေ ကပ်​နှိပ်​ဖို့
တိမ်​ပွင့်​ တိမ်​စ​တွေလို မာ​ကြောခြင်းနဲ့ဘဝကို ​ခေါစာ ပစ်​လိုက်​​တော့တယ်​။






Posted via Blogaway

Comments