မျှော်....
လင်းဆက်ပိုင်
ဘဝ ရာသီဥတု အဟာရများ
အသက်ဓာတ်တွေ တွန်လိန်ကောက်ကွေးစွာ
ဦးဏှောက် ကို သံမှိုရိုတ်တဲ့နောက်...။
ငါ့တွေးမှု့ ပဲပင်ပေါက်လို့ တွန့်တက်သွား
မျှော်စဉ်ထက်ကနာရီသံများ
အိမ်ပြန်ချိန်တွေ အမြဲနောက်ကျတယ်
သွေးရိုးသားရိုးပါလို့ ဘယ်သူပြောတာလဲ။
ဆာလောင်ငတ်မွတ်မှု့ လိပ်စာကဒ်တွေ
ပန်းစာလုံး ဖောင်းကြွနဲ့ ခမ်းနား
သွေးယိုစီးမှု့ခြေလှမ်းတွေ ...
ဆူးလေးလမ်းမှာ ဒလိမ့်ထိုး ဖြာဆင်းခဲ့တယ်။
ကိုယ်လက်စိတ်တွေ သန်စွမ်းလွန်းတဲ့
အစိမ်းရောင် တစ္ဆေ ဟာ
ဘို့တစ်ခုတည်းပါတဲ့ နွားသိုးကြိုးပြတ်လို
နောက်....
သူတည်ထောင်တဲ့မြို့တော်ကြီးမှာ
TVလေးဖွင့်လို့ .....
သတင်းစာလေး ဖတ်လို့...။
သံချေးတက်မျက်နှာဖုံးတွေလို
ဆန္ဒပြသူတွေ ဥပတိရုပ်ဆိုးသလောက်
ပင်စင်စားတွေ ညည်းတွားနေသလောက်
ညငှက်တွေလည်း များပြားစွာပေါလာသလောက်
ဣနြေ္ဒကြီးနဲ့ ဒင်းကတော့ ပြုံးလို့ ကွယ်။
Posted via Blogaway
Comments
Post a Comment