မသိကိန်းသီချင်းဆိုညှင်းနေတဲ့လူ
လင်းဆက်ပိုင်
သူ ဘယ်အရပ်မှာရှိရှိလေ ....
စိတ်ကိုမောင်းနင်းလို့ နီးထားတယ်
စကြာဝဠာ ရဲ့ သီချင်းတွေ ထဲမှာ
ကြယ်တွေဖျပ်ဖျပ်လူးနေတာ
အဲ့ဒါ..
ငါတို့ရဲ့ မျှော်လင့်ခြင်း အလင်းရောင် ပါ။
အ၀င်အထွက် အသက်ရှူမှု့မှာ
နှာသီးဝကို ချစ်သူ ရနံ့တို့ ထိခတ်တယ်
ဒါဟာ ငါရှူ့မှတ်တဲ့ အိပ်ယာဝင်တေးပါပဲ
ဒီလိုနဲ့ အိပ်မက်ကြီးကို ခေါင်းအုံး အိပ်တယ်...။
လောကဓံရဲ့ ရယ်စရာကောင်းတဲ့သောကတွေကြား
လူအဖြစ်ပွင့်ခဲ့တဲ့နောက် ကိုယ့်ရနံ့ကိုယ်
ရူးသွပ်မှု့တွေကြူကြူမွှေးလိုက်တယ်
ခရေလို ညိုးခြောက်တဲ့အထိ ရနံ့တွေလင်းဝေ့ထုံအီနေဆဲ...
ငါတို့ရဲ့ကြင်နာမှု့တွေ စိမ်းကားတဲ့အချိန်တွေက ကာလယ်ကာခြားထား
ရင်ခတ်လှိုင်းတွေ တလိမ့်လိမ့် အတူဆုံမဲ့ အနာဂတ် ကို မျှော်နေတယ်
နက္ခတ်မှားတဲ့ ညတွေ
အမှောင်ဆုံး လောကရဲ့ ညည်းတွားသံ လို.....။
အချစ်ရေ......လူနံပါတ်၃၁ မှာ မင်းအမည် ဂါထားရွတ်ကောင်းတုန်း...
အိုးးး သုညတွေနဲ့ ၀ိုင်းစက်နေတဲ့ငါ့သံသရာ...
ငါ့ရဲရင့်ခြင်းတွေ မင်းခြေရင်းနာ မှာ
မရဲတရဲပွင့်လိုက်ရတဲ့ အမှုံအမွှားလိုပါ
ငါ့ရဲ့မြေသင်းနံတို့ ချစ်သူ့ခြေလှမ်းတိုင်းသင်းပျံပျံ
ငါ့နှလုံးသားကို စီးပြီးလျှောက်ပါလေ။
Posted via Blogaway
Comments
Post a Comment