အနေဝေးခြင်းကြိုးတစ်ချောင်း
လင်းဆက်ပိုင်
လွမ်းတယ်
မရေးချင်ပဲ ရေးနေရတာ
အလွမ်းဆိုတာ ဘယ်လို့ အဖွဲ့ အနွဲ့နဲ့ ဖွဲ့ဖွဲ့
ဒီဒဏ်ရာက ပျောက်မသွားပါဘူးလေ။
အနေဝေး ရနံ့နဲ့ သစ်လွင်ရတာ သေချင်စော်နံတယ်
တောင်းကြီးရင် ဖ၀ါးအောက်တဲ့
အလွမ်းကြီးတော့ မျက်ရည်အောက်ရောက်ရတယ်
တနေ့ တစ်ထွာလောက် နွေးထွေးခွင့်လေး ရချင်တယ်။
စိတ်တွေ အညွှန့်တုံးအောင် စိုးမိုးနိုင်လွန်းတယ်
အသဲနှလုံးက အမှောင်ချထားလို့ ရတဲ့ အရာမှမဟုတ်တာ
တရားတော်တွေနဲ့ ငါအနေဝေးနေဆဲပါပဲ
ငါ့ရင်ဘတ်မှာ မင်းကပ်ထားတဲ့ တံဆိပ် အတု အစစ် ငါမခွဲပါဘူး။
.....
......
.......
သေလောက်တဲ့ ဒဏ်ရာ
ဝလန်ပြဲအောင် ငါပြုစု မွေးမြူထားမှာပါ
ငါ့အိပ်မက်တွေ မင်း မရိတ်သိမ်းသမျှပေါ့။
Posted via Blogaway
Comments
Post a Comment