ယုတ္တိမဲ့သော အမှန်တရား
လင်းဆက်ပိုင်
တစ်ကိုယ်တည်းနေ့ရက်တွေ အတွက်
ခံစားမှု့တွေ အက္ခရာနဲ့သွန်းထုထားပါမယ်
ဝေါဟာရတွေ ဖွဲ့ဆိုဖို့မကုန်သေးသ၍ပေါ့
ငါ စီးဆင်းနေပါမယ်
ဒါဟာ ခေါင်းစဉ်တပ်ဖို့မလိုအပ်တဲ့
ငါ့ တောက်ပနိုင်တဲ့ အလင်းလေးပါပဲ။
ပျော်ရွှင်းခြင်းတွေ လျှာဖျားမှာပျောက်ဆုံးနေဆဲ
လှပတဲ့ အသံမှာ ငွေ့ရည်ဖွဲ့ လို့ မရွာချချင်ဘူးကွယ်
စကြာဝဠာထဲ ကိုယ်က အမှုန်အမွှားလေးပေမယ့်
တခါတခါတော့ သူ့လက်ကိုတွဲ လူရောင်တောက်ပချင်တာ
တောင်ဆိုခြင်းတွေ ထိန်း သိမ်း ထားရင်းလေ။
ဟိုးးးးဝေးဝေးက လမ်းကလေးမှာ
ချိန်းဆိုဘူးတဲ့ နေ့ရက်ကလေးတွေ ငိုနေတုန်းပါ
ရိုးမယ်ဖွဲ့တေးတွေ သီဆိုဖို့ အားမရှိတော့ပြီကွယ်
ခန့်မှန်းလို့မရနိုင်တဲ့ နေ့မှာ ဆုံနိုင်ဦးမယ် ထင်ထားဆဲပါ
ဒါကိုလည်း မျှော်လင့်ခြင်းလို့ခေါင်းစဉ်မတပ်ပဲ
တိတ်တိတ်လေး ငေးကြည့် မ၀ံ့မရဲနဲ့ရယ်ပါပဲ။
ကိုယ်သာ ငရဲသားလို ပူပါစေတော့
သူအေးမြစေကြောင်း တောင်းဆုပြုနေ့တွေ နဲ့
သူ့ လွတ်လပ်ခွင့်တွေ ပိတ်သိမ်းခံရ တရာခံက ငါ
ရင်ထဲမှာ ကျနော်လွဲမှားမှု့တွေဖြည်ဆည်ရတာ
မသာမယာလက်ဆောင် ပေးခဲ့မိသလို အားနာတယ်။
ဘယ်လို ပေါင်းစည်း ဖွဲ့နွဲ့ရပါမလဲ
တနေရာဆီမှာ ကိုယ်စီအလွမ်းအတွက်
ဟင်းလင်းပြင်တံတိုင်းတွေ ထိုးသွားတာ
ရှေးရေစက်ပေပဲလား
ရင်းနှီးနွေးထွေးနေဆဲ ဝေးကွာနေဆဲ နေ့ရက်တွေ
ပျော်ရွှင်ခြင်း အောင်နိုင်ခြင်းတွေ ရရှိထားသလို
သရုပ်မှန် အလွဲတွေနဲ့ နေထိုင်ပါဦးမယ်။
၂၈၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment