ကျဉ်းကြပ်လွန်းတဲ့ ၀ပ်ကျင်းကလေး
လင်းဆက်ပိုင်
အကဲပိုတဲ့စိတ်က ဇွဲကြီးသလို
ကိုယ် တပ် လိုက်တဲ့ ခေါင်းစဉ်ပါပဲ
ကိုယ်တိုင် က ခွင့်မရခဲ့ တာ
သောက အမျောတွေ ကို အမြင်ကပ်တယ်။
ရင်နှီးထားတဲ့ အကျယ်အ၀န်း အတိုင်းအဆမဲ့တယ်
မျှော်လင့်ခြင်းပါးလျလွန်းစွာ ပါပဲ
လောက သဘာဝ ကို က ဖြစ်ချင်ဖြစ်ခွင့်မှမရှိတာ
သဘောထားချင်းနီးစပ်ခဲ့ကြတာ ပျော်စရာ အမှတ်တရပေါ့ကွယ်။
ဒီလို က ကြိုးတွေနဲ့ ငါ့ဘ၀ ကြိုးရှုပ်စေခဲ့သူလေးရေ
လမ်းဆုံးအောင် အတူ လျှောက်ခွင့်မရတာ
ရှေးရေစက် ကုသိုလ် နည်းခဲ့ကြလို့ပေါ့
စိတ်အလိုကျ ဖန်တီးခွင့်မရတဲ့ ဘ၀ကိုလည်း ရင်မနာတော့ဘူးကွယ်။
သောကတွေ တရစပ် ရွာချလိုက်ချင်တယ်
မေးရိုးကြီးထောင်လို့ ပုလဲမဥဖို့ အားတင်လိုက်တယ်
အသေအချာ သတ်မှတ်ခဲ့တဲ့ ဆုံမှတ်အလွဲမှာ
ကံကြမ္မာ နှာစေး ဘ၀အရေးတွေ မဆွေးနွေးဖြစ်ခဲ့ကြဘူးလေ။
အလို...
အိုးးး
အိပ်မက်က မနိုးထနိုင်တော့
ညကပိုနက်လာသလို ၀မ်းရေးအခက်လည်း မတွေးတောနိုင်ဘူးကွယ်
လူဖြစ်ခွင့်သေးသိမ်စွာ လုံးပါးပါးနေရပါပြီကွယ်။
ဒါဟာတေလေငှက်တစ်ကောင်ရဲ့
မမောတမ်း ကြူးဟစ်ကြွေးကြော်လိုက်တဲ့ ခုနှစ်လွှာ က ကွက်ကလေးပါကွယ်။
ချစ်တယ်။
Posted via Blogaway
Comments
Post a Comment