ကာလာစုံအောင် နာခဲ့တဲ့ပုံပြင်
လင်းဆက်ပိုင်
ူဘ၀တွေ ဇာတ်နာအောင်ရေးခဲ့တဲ့ပုံပြင်ပါ
ဖြစ်နေစဲ ပျက်နေစဲ အငွေ့အသက်တွေနဲ့
ရှူ့မငြီးတဲ့ ဘဝကိုဘောင်ကွပ်နေတဲ့
ဓမ္မတေးဖြစ်ရဲ့။
၂၁ရာစုရဲ့ ပျက်လုံး တစ်ခုလည်းဖြစ်ရဲ့။
ဒီပုံပြင် ရင်ပြင်တလျှောက် နှင်းဆီတွေရဲရဲ ငိုနေတာ...
ဘယ်လိုမှ မဖြည်ဆည်နိုင်တဲ့နောက်
ဘဝကို ဘုရားလှူလိုက်တယ်
ကဲ...ကောင်းရော
အမှားအယွင်းဆိုတာ လူတို့ဘောင်မှာ
ကင်းခဲတယ်ဆိုပေမယ့်....
ကောင်းကင်နဲ့ မြေပြင် ထိစမ်နေတဲ့
မိုးကုတ်စက်ဝိုင်းအထိ ဒင်းတို့ မှားပြီးရင်မှားနေကြတာ
ငါတို့ ဘဝတွေ လန်ကွတ်တီတွေ အ၀အပြဲ
ဒင်းတို့ ယုတ်မာပုံ ရုပ်တွေမာပုံ
မကြည်ချင်တဆုံး....
လှလိုက်တဲ့ ရှူ့မျှော်ခင်းတွေ ကာလာစုံတယ်။
Posted via Blogaway
Comments
Post a Comment