လမ်းကလေး (သို့)မျှော်လင့်ခြင်းဒဏ်ရာ
လင်းဆက်ပိုင်
ရန်ခုန်သံတွေဆွေစောင်းသွားတဲ့ညနေတစ်ခုမှာ
ခုတ်ပိုင်းသွားတဲ့ ဆည်းဆားလေးရေ ။
အသိတွေ ကန်းနေသလိုမျိုး ညနေတွေ မှောင်နေတယ်။ တိမ်အုပ်တွေ ရုတ်ရုတ်သဲသဲ လေနှင်ရာကို ဆန့်ကျင်နေကြတယ်။ လှေနံဓားထစ် ရွာချချင်တဲ့နေရာ သတ်မှတ်ခွင့် မရှိဘူးကွယ်။
မှိန်ပျပျလမ်းကလေး ညှိုးခြောက်သွေ့ အထီးကျန်နေဆဲ။အချိန်ဆိုတဲ့ ဓားချက်တွေအောက်မှာ ခေါင်းငုံ့လို့ ။ သခင့်ဘယ်အချိန်လျှောက်လာမလဲ။
ငြိမ်သက်။ အသံတွေပျောက်ဆုံးသွားတာကြာပြီ။
ဘေးတစ်ဖက်တချက်မှ ကိုက္ကိုပင်တို့ တသောသောရယ်နေကြပြီ။ လမ်းကလေးက သိမ်ငယ်နေဆဲ။ တနေ့နေ့ ဆိုတဲ့ မျှော်လင့်ခြင်းဒဏ်ရာ သူကျောမှာ တန်းလန်းနဲ့။
ဒီလမ်းလေးမှာ အရင်က တီတာခွန်းဖွဲ့စကားတွေ
ခုံတန်းပြာလေးသိတယ်။ ခုံပြာလေး ဆေးသားပြယ်လွင့်။ သူ့မျက်ဝန်းတွေ အဝေးတနေရာကို ငေးရီလို့ တစ်စုံတစ်ရာ ကို မျှော်နေသလို။ ခြစားနေတဲ့ ခုံအခြေက အတွေးဆွေးဆွေးလေးတွေလား။ သခင်ရေ ငါ့အတွေးမှာ ပုံရိပ်တို့ ခြတွေတောင်တက်နေပေါ့။ဆွေးတယ်။
ဒီလမ်းကလေးဟာ ကိုယ်တိုင်ဖန်တီးထားတဲ့
ရူးသွပ်မှု့လမ်းပါပဲ။ လမ်းကလေးက ဘ၀အမော သောကနဲ့ အတွင်းဒဏ်ချက်တွေပြည့်အနှက်ကို၊
ကိုယ့်လျှာနဲ့ကိုယ်သပ်ချရင်း။ ကိုယ်ထူကိုယ်ထစနစ်နဲ့ တည်ဆောက်ထားတဲ့ အိပ်မက်ဆန်သော လမ်းလေးပေါ့။ တစ်စုံတစ်ဦးလျှောက်ဖို့ ဖြန့်ခင်းထားတဲ့ လမ်း။ ဘယ်အချိန်မှန်းမသိသေးတဲ့ ခြေလှမ်းလေးကို မျှော်ရင်း....။
သူကျောရိုးတစ်လျှောက် လောကဓံလေရိုင်းတွေကြံ့ကြံခံနေရင်း...။ ရှည်လျားသော သက္ကရာဇ် တွေထဲ
သဲကြီးမဲကြီး လောင်ကျွမ်းနေရင်း..။သခင်မျက်နှာ တိမ်တောင်တိပ်လိပ်တွေကြား ရှာဖွေနေတုန်း။ နေ့ရက်တို့ တ၀ီဝီ ပျံသန်းနေဆဲလေ။တအိအိပြိုကျလာတဲ့ မျက်နှာမည်း(မဲ)တိမ်တွေ ကြောင့် နှလုံသားဟာ ကလန့်ထိုးချိန်မရခဲ့။
ဗလာကျင်းလွှမ်းခြုံ
နေတဲ့ လမ်းကလေးဟာ အထီးတည်း အိပ်စက်မရနိုင်သေးချေ။လမ်းကလေးဟာ အရှက်တရားမဲ့စွာ သခင်မကို မျှော်နေလေတော့သည်။
Posted via Blogaway
Comments
Post a Comment