ရင်ခုန်သံ ရှိရာအရပ် သို့.....၂
လင်းဆက်ပိုင်
နေက အလှဆုံးဆည်းဆာနဲ့ ပြုံးပြီး
တောင်တန်းတွေကြား ပျောက်ကွယ်သွားပါသည်
ကိုယ်ကတော့ မျော်လင့်ခြင်းအလင်းရောင်ဖြင့်ခရီးဆက်ပါဦးမည်
အမှောင်ဂယက်ထန်ထန်တွေကြား အလှတစ်ခုတော့ရှိနိုင်ကောင်းပါသည်
အပြုံးတွေပွင့်နေမယ် နေရာလေးက အဘယ်မှာနည်း
သူ့ဆီသို့ ရောက်မည် မရောက်မည် သေချာမသိ
သို့သော်ကား သူမနဲ့ကျွန်ပ်သည် တစ်လမ်းတည်းသွားဖော်ဖြစ်သည်
လေပြည်လေညှင်းတို့ တီးတိုး ရှိုက်ငိုနေကြပြီ
ဂီတသံအနွမ်းများ ညဥ့်နက်နေပါပြီ
ဆောင်းကြိုးညှိရခက်သော ကံကြမ္မာသည်
မင်းမူစိုးမိုးလို့ ပမာမခန့် ပြက်ရယ်ပြုနေပါသည်
တိမ်အုပ်များက လရောင်ကို ခွင်မပြုချင်၍ ဖုံကွယ်ထားကြသည်
ညဉ်ယံ၏ ပိုးပုရစ် အော်သံများသည် တစ်စုံတစ်ယောက်ကို အော်ခေါ်နေသံနဲ့ ဆင်တူနေပါသည်
လေကပင့်၍ ပင့်၍တိုက်ခတ်ကာ အသံများကို ခေါ်ဆောင်သွားပါသည်
ကမ္ဘာမြေသည် ကျဉ်းမြောင်းသည်ဆိုသော်လည်း
တချို့အရာများက တွေ့ကြုံခွင့်မရအောင် အတားအဆီးတို့က ကျယ်ပြန့်လွန်းသည်
၃၀၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment