ကျွန်ပ်နဲ့ မှားယွင်းနေတဲ့ အချိန်များ
လင်းဆက်ပိုင်
ပုလဲတစ်လုံး ရွဲတစ်လုံး ရာသီခွင်ထဲ
နက္ခတ် မှားနေသော အချစ်
ဘ၀ပတ်လမ်းမှာ ထစ်ငေါ့ခြင်းတွေနဲ့။
ချစ်သူမျက်ဝန်းကို ကြည့်ငေး
ဖွဖွလေးဖတ်ထားရင်....
အရမ်းလွမ်း
အရမ်းချစ်
အရမ်းသတိရကြောင်း
ပြောချက်ပါဘိ။
အခွင့်သာခိုက် နေ့ရက်တွေ ပျောက်ဆဲ
စိတ်တို့ အကျဉ်းစံ နေ့ရက်များလို
ချစ်သူ ဘဝများ နယ်စည်းခြားလို့ ခါး နေဆဲ။
ကိုယ်စိတ်နှစ်ပါ အစိုးမရ ယူကြုံးမရ
ငါ့မှိုက်မှု့ ရိုးသားလွန်းတယ်
အချစ်ကို ဖွင့်ဆိုချက်တွေ မှောင်လွန်းတယ်။
ယုယကြင်နာခြင်း မြတ်နိုးလေးမြတ်ခြင်း
အချစ်ရဲ့ ပိုးမွေးသလို နူးညံ့ခြင်းဟာ
ငါ့ရဲ့ ယုံကြည်စွာ စီးဆင်းနေတဲ့
အဆက်မပြတ်မှားယွင်းမှု့လို့ ထား။
တမ်းတမ်းတတ မှားယွင်းမှု့များဟာ
မျှော်လင့်ခြင်း အလင်းသစ်လား (သို့)အမှောင်လား
ချစ်သူ၏ဆုံးဖြတ်ချက်သာ။
5.9.2014
Posted via Blogaway
Comments
Post a Comment