ဈာန်ဝင်နေတဲ့ အချစ်
လင်းဆက်ပိုင်
တကယ်ဆို သူနဲ့တွေပြီးကတည်က
အချစ်တွေ သေသွားတာပါ....
ဆုံနိုင်ခွင့်ဆိုတာ....
ငါတို့အတွက် ခက်ခဲလွန်းတာ သိသာပဲ
အချစ်တဲ့ နှလုံးသားက ပွင့်တဲ့ပန်း
သူ့ရဲ့လှပမှု့က /တခါတလေသေတာပါပဲ/
တခါတလေ နုညံ့လွန်းစွာ လှတယ်
တခါသာပါပဲ...သေခြင်းနဲ့လှပခြင်းဟာ
ထပ်ပြီး မွေးဖွားလို့လည်းမရတော့ဘူးလေ
ငါတို့တွေ့ထိခဲ့ချစ်ခြင်းဟာ
ငါတို့ကိုယ်တိုင် လိုလိုလားလား သေပစ်လိုက်ခြင်းလား???
ငါကတော့ ထာဝရသေဆုံးခဲ့ပါပြီ
အလွမ်းတွေလင်းလွန်းလို့ ကျွမ်းသွားတဲ့
ဦးဏှောက်အခန်းထဲမှာ .....
မှောင်မည်ခြင်းတွေ တစ်ဘဝလုံးလျှံကျနေပေါ့...
နှလုံးမီးတောက်တွေနဲ့ အလွမ်းထွက်ရပ်ပေါက်ခဲ့တယ်...
မြင်မြင်သမျှဟာ အလွမ်းတွေ နဲ့
ဘဝကိုချိုးနှိမ့်ထားရတာလည်း
သက်ရှိသေလူပါပဲကွာ...
ညီမလေးရေ....
လွမ်းလိုက်တာလို့ ရွတ်မိတိုင်းပေါ့
ရင်ဘတ်ကြီးက ပူပြီးအောင့်နေချက်
ဒါဟာ ငါ့နံရိုးကညှော်နံပါပဲ....
ငါတည်ဆောက်ချင်တဲ့ လေထဲက ဗိမာန်ကြီး
လေထဲမှာလွင့်မျောနေတဲ့ မီးတောက်ကြီး..
ဒါဟာ ဒါကြီးကလေ
အချဉ်ပေါက်နေတဲ့ ငါ့ရဲ့ဈာန်ပဲပေါ့
ငါမကြောက်မရွံ့ထိုင်ကြည့်နေတုန်း...
Posted via Blogaway
Comments
Post a Comment