အန်ချလိုက်တဲ့ နောင်တ အသေများ
လင်းဆက်ပိုင်
နေ့နဲ့ည နံရံကြားမှာ ငါ့အတွက်
ချောင်းကြည့်ပေါက်ပျောက်ဆုံးခြင်းတွေ
လောကဓံလောင်းရိပ်တွေ ဓားတန်းလန်းနဲ့
မနက်ဖြန်အကြောင်းထက် ငါ
သေခြင်းကို ချဉ်းကပ်မိတယ်
ငါက အမှိုက်ပုံလို
ကိုယ့်ကိုကိုယ် မသတီတော့ဘူး
တကယ်ဆို သေခြင်းတရားပါ ငါ ပျောက်ဆုံး
ရှာမတွေ့တော့တဲ့ ငါ့ကမ္ဘာသစ်
ဘယ်အချိန်က ငါသေခဲ့လည်း မမှတ်မိတော့
သေလို့ သေမှန်းမသိသလိုမျိုးလား
ဟစ်အော်ကြည့်တယ် စကားလုံးတို့ လွှစက်ထဲဝင်သွားတဲ့ အသံမျိုး....
ဖိနပ်အပြတ်လေး သွပ်နန်းကြိုးနဲ့ကုတ်သလို့မျိုး
ငါအသက်ဓာတ် ပြန်ရှင်သန်လို့ရရင်
ငါ့စိတ်ကို ထိုးဖောက်လို့ ပူးချည်လိုက်မယ်
စက္ကန့်တံတွေ ကစင့်ကလျားထွက်ပြေးသွားပါပြီ
ငါဝိညာဉ်တော် ပြန်လာဖို့ ကူတို့ခ ပျောက်နေသလိုလား
ရှင်ပြန်ထမြောက်ခြင်းတွေ သတ်ရိုတ်ခံနေရ
လွတ်ရုန်းဖို့ အားများ ၀ီခေါ်အောင် ငိုသံနဲ့
စိတ်တွေ သေတဲ့အခါ
ခန္ဓာဂေဟစနစ်တွေ ပျက်စီးသွားသလို့
ကျနော်သေခဲ့
သေမှန်းသိတဲ့အချိန်မှာ....
အရာအားလုံးဟာ
နောင်တတွေပါသေနေတော့တာ။
၇.၁၂.၂၀၁၄
Posted via Blogaway
Comments
Post a Comment