ထူးပြီးမဆန်းသောလည်း
လင်းဆက်ပိုင်
နံနက်ခင်းအလင်းတွေ
အရွယ်တင်
နုပျိုနေဆဲ
ငါကအမှောင်ထဲမှာ
ကြီးရင့်နေရ
နေ့သစ်ကိုဖွင့်လှစ်တိုင်း
ဘက်တီးရီးယားအလွမ်းတွေ
ငါ့ကိုယ်ပေါ်
တွားတက်နေတာ
သံပါတ်ပေးထားသော
ငါ့ သက္ကရာဇ် လှောင်အိမ်
မင်း လျှာဖျားက
အပြင်း ပြေ /ဖြေ
စကားလုံးတွေ
လာပြောပေးပါ
အဖွင့်အပိတ်မရတော့အောင်ပဲ
စိတ်က ငလျင်မှာ
နစ်နေတယ်
မနက်ဖြန်မှာနေခြည်ဟာ
ဆက်ဆက်ရောက်လာမယ်တဲ့
သူပြောခဲ့ဘူးသလားလို့
ငါမှတ်မိနေသလိုလို
နေ့ရက်တချို့
မပုပ်မသိုးတဲ့
ဆီသွပ်ဗူးနေ့ရက်များ
ငါ့လည်ပင်းလာညှစ်နေတဲ့
စကားလုံးတွေ ဟာ
သေဆုံးပြီးသား
စကားလုံးတွေပေါ့
ပင်းကူအိမ်လို ငါငြိနေတဲ့
ငါဟာငါပါပဲ
နေရောင်ဟာ
ရယ်မောလို့
မိုးချုပ်သွားခဲ့တယ်
အဲ့ဒီ့နေ့က
ဆည်ဆာတွေ ငိုတဲ့နေ့ပါပဲ။
၁၂၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment