Facebook
Main Menu
လမင်း အိမ် with အိပ်မက်သစ် ကို ဖန်ဆင်းသူ
56 mins ·
More options
အတူတကွ တိုင်ပင်ညှိုနှိုင်းလို့ …
ယုံကြည်ခြင်းတွေ ပေးပါ့မယ် … ။
“အလွမ်းဆိုတာ …
အချစ်နဲ့ မောင်နှမတော်တယ်” တဲ့ …
အချိန် အကြာကြီးသာ ခွဲမထားပါနဲ့
အဲဒီအစား …
ကျေကျေနပ်နပ်လွမ်းပါမယ့် … ။
“သံယောဇဉ် ဆိုတာ …
အချစ်စစ်တစ်ခုမှာ မရှိလို့မဖြစ်ဘူး” တဲ့ …
တစ်နေ့ထက်တစ်နေ့
တစ်ရစ်ပြီး တစ်ရစ် …
နွယ်ပင်လို တိုးလို့ ချည်နှောင်ထားပါ့မယ် … ။
“မေတ္တာ ဆိုတာ …
ချစ်ခြင်းအတွက်တော့ ဆေးတစ်ခွက်” တဲ့ …
သ၀န်တိုပူလောင်တဲ့
ချစ်ခြင်းတွေလျှော့လို့ …
မေတ္တာတွေနဲ့ အေးမြစေပါ့မယ် … ။
“အနမ်းဆိုတာ …
အချစ်ရဲ့ သင်္ကေတ” တဲ့ …
စကားတတ်တဲ့ ချစ်သူလေးအတွက် …
ကြင်ကြင်နာနာ … ညှာညှာတာတာနဲ့ …
ဖြည်းဖြည်းလေး ပါးလေးနမ်းပါ … နော် … ။
Unlike·Comment
You and လမင်း အိမ် like this.
အိပ်မက်သစ် ကို ဖန်ဆင်းသူ
Like · More · 55 minutes ago
Posted via Blogaway
Comments
Post a Comment