မပြောချင်တဲ့ စကားတွေ
လင်းဆက်ပိုင်
ချွေးသိပ့်လို့ ဟန်ဆောင်စကားများနဲ့
သာ
ဟော့ဒီရင်ဘတ်က အချိုး(လျှိုး)ရာအလွမ်းထင်းထင်းကြီးလည်း
ငါကွယ်ဝှက်ထားပါတယ်
ထမင်းထုပ်သာ သိုးသွားမယ် ငါ့လိုသစ္စာတရား နောက်ထပ်မရှိတဲ့အကြောင်းလည်း
ငါကိုယ်ရည်သွေး မပြောချင်ဘူးကွယ်
လောကဓံ ဆိုတာ ခံနိုင်ရည်စမ်းသပ်ခြင်း
အိပ်မက်ဆိုတာ အနာဂတ်လမ်းကို ကြိုတင်စီမံခြင်း
ရင်ခုန်သံတွေခေါက်ရိုးကျိုးစွာ ရင်ဘတ်ထဲမှာ ထည့်သိမ်းလို့ထားတယ်
စတင်ခြင်းတွေ ဘယ်အရပ်မှာ ရှိနေသလဲ
မရေရာတဲ့ နားတရာစကားတွေ သိပ်အားပြင်တယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါကွယ်
ငါသေပေးလို့ရပါတယ်
စိတ်နဲ့ ကိုယ် ထပ်တူမကျတဲ့နေတွေ
ငါသယ်ဆောင်သွားပါဦးမယ်
သင်္ခါရ ဆိုတဲ့ စကားလုံးကို ငါမှန်အောင်ပေါင်းတက်ခဲ့ပါပြီကွယ်။
Posted via Blogaway
Comments
Post a Comment