ချိန်သားမကိုက် တိကျသော အချိန်းအချက်
လင်းဆက်ပိုင်
စုရုံးရစ်ပတ် လိပ်ခွေစီးဆင်းနေသော ကိုယ့်ရဲ ချောင်းကောလေးရေ။
ဆန်းကြယ်သည်ထင်သောအရာတို့သည် အမှန်တကယ်မဆန်းကျယ်တော့ပါ။
အတွေးခေါ်မြင့်မောက်၍ လျှံကျလာသော အသိတို့သည် သာမာန်ထက် ထူးခြားနေသယောင်ရှိ၏။
အတ္တာနောမတိများက နယ်ပယ်ချဲ့သောအခါ ဝေဒနာတို့သည် ကျယ်ပြန့်ကုန်၏။
ကိုယ်ရဲ့ ဥပါဒါန်လေးရေ ရည်ညွှန်းဖွဲ့စကားလုံးတို့
အလုံးစုံသည် ရင်တွင်းကို မမှီတော့ချေပြီ။
စိတ်နဲ့ပဲ ပြဌာန်းထားတဲ့ အချစ်ကို စိတ်နှစ်ပြီးခံစားကြည့်ပါတော့လားကွယ်။ ထက်မြခြင်းလော ထက်ရှခြင်းလော ။ ငါမသိတဲ့ အပြုံးလေးကို မှန်းရည်လျှက်။ ကိုယ်စွမ်းရည်တို့ ထက်မြထားလိုက်ပြီ။
တစ်နေ့ အက္ခရာတစ်လုံးနဲ့ မျှော်လင့်သောအိမ်လေး အုတ်ဖိနပ်ခိုင်မာစွာ စီရီရီ ။
လန်းရွှင်စွာ လမ်းသလားနေသော စိတ်တိမ်တောင်တို့သည် ။
ပြိုမယောင် နိမ်ဆင်း အဘယ်သို့ သွန်းဖြိုးရအံ့။ ဖွေးဖွေးလှုပ် ကြွေနေသော ခရေပင်အိုကြီးကလည်း ကိုယ့်စိတ်ရဲ့သစ်ပင်ပါပဲလေ ။ နန်းမထိုက်တဲ့ ရနံသင်းသင်းလေး ရှက်သွေးဖြာဆင်းနေရပြီလေ။
သခင့် ခြေရင်း ခ၀ပ်တွားရင်းဖြင့်။
ပြုပြင်ထားသော ရနံသစ်တို့ မင်းမူကုနကြလေပြီလား။
ဤသို့ဖြင့် ကျွန်ပ်သည် တန်ရာတန်ကြေးဟူးသော ၀ါဟာရကို မုန်းတီးမိသည်။
ထူးခြားသောအသွင်သစ်များသည်လည်း ယုတ္တိမတန်တော့ချေပြီ။
တခါတရံ ပေးဆပ်ခြင်းဖြင့် မျှော်လင့်မိခြင်းသည် အပြစ်ရှိပါသလော။
သီအိုရီများသည်
ယေဘုယျ ဆန်လာကြသည်။
လှေနံဓားထစ် စကားလုံးများသည် အရူးရင့်သော မူမမှန်ခြင်းသာဖြစ်သည်။
ထို့ကြောင့် ကျွန်ပ်သည် တနေ့နေ့ဆိုသော...။ တိကျခြင်းဖြင့် ချိန်းဆိုထားသော ရက်မြက်လေးအား ...။
တခုတ်တရ မျှော်လင့်နေမိတော့သည်။
၁၁၂၀၁၅
Posted via Blogaway
Comments
Post a Comment