ဇာတ်​သတအထား​သော ဟီးတိုက်​မှု့

ဇာတ်​သတ်​ထား​သော ဟီးတိုက်​မှု့

လင်းဆက်​ပိုင်

မဆုံးစတမ်းအပြုံးအတွင်းထဲမှာ ဒုက္ခကို ကွယ်​၀ှက်
တရိရိပြုန်းတီး​နေတဲ့ လိုအပ်​ခြင်းများကြားမှာ
လောင်​မြိုက်​ခြင်းကို အလှပဆုံး​ဆေး​ရောင်​ခြယ်​ရင်​​လေ
အသိန်းအသန်း​သော မြားမိုး​တွေ စိုက်​၀င်​​နေတဲ့
ကြေကွဲဖွယ်​ အမှားကို ခွင့်​ပြုမှု့​ပေပဲ။

သပ်​ရပ်​ တိကျ​သော မှားယွင်းမှု့ အမှန်​တရားဟာ​ဆေ့​ဆော်​မှု့ အမိုက်မဲဆုံးနဲ့ ခိုင်​မာထားတဲ့ စိတ်​ကူး
ဝေကွာခြင်း​ဝေဒနာကို ဘယ်​လိုစံနှုန်းနဲ့ တိုင်းတာသလဲ
တခါတရံ အဆုံးသတ်​လို့ထင်​ထားမှု့ဟာ
မ စ ရ​သေး​သော ကိစ္စတစ်​ခုဖြစ်​​နေတယ်
အစပျိုးခြင်း​တွေ ဘယ်​အရပ်​မှာ ရှိ​နေပါလိမ့်​။

ဒုက္ခနဲ့​ပေါင်းသင်း​နေထိုင်​သူကို အရူးလို့သတ်​မှတ်​လိုက်ပါဦး
အလွမ်းဆိုတာ ​ပြောင်း​ရွေ့မရနိုင်​​သော စိတ်​ခံစားမှု့
တစ်​​ယောက်​တည်းရှိ​နေရခြင်းမှာ စိတ်​ကအသံငါနား​ထောင်​​တော့ ကဗျာ​တွေဖြစ်​လာတယ်
ဒီ စီး​မျောမှု့အတွက်​ သူ ရှိစရာ မလိုအပ်​ပါဘူးကွယ်​။

ကြည်​ဖြူစွာ ​ပေးအပ်​ထားပြီပဲ .....
တုံ့ပြန်​မှု့​တွေ ဘယ်​လိုရှိ​နေ​နေ​ပေါ့
ကိုယ်​ရည်​​သွေး သတ္တိ​တွေနဲ့ မဖြာ​ယောင်​ချင်​ပါဘူး​လေ
စိတ်​ခံစားမှု့ကို ထွက်​မ​ပြေးပဲ လက်​ခံထားရှိမှု့အတွက်​ ကိုယ်​ကျိုး​ကြေမှု့ကို ​ကျေနပ်​​နေသူပါပဲ​လေ။

၂၁၂၀၁၅


Posted via Blogaway

Comments