###ဂုဏ်သိန် မဲ့ ညှိုးသမ်း
လင်းဆက်ပိုင်
ငါ့မျှော်လင့်ခြင်းဆိုလည်းကွယ်
..........
ကိုယ့်လိုစာနာတက်သူအတွက်
်ဖြည်ဆေးမရှိဘူးလေ
သစ်သီးထဲက ပိုးလောက်လိုသာ
ပျော်ရွှင်လိုက်ရပါစေတော့။
အသိစိတ်ရဲ့ ရောင်ပြန်ထွက်မှု့တွေကို
ထုံဆေးပေးထားရင်း
ကိုယ်ရည်သွေး စကားလုံးတွေနဲ့
လိမ်ညာ မချစ်တက်ခဲ့တာ
အားနည်းချက် မဟုတ်ပါဘူးကွယ် ။
လျှို့ဝှက်မှု့ကင်းကင်းနဲ့
ရင်တွင်းက အထင်းသား
ဖြစ်တည်မှု့တွေ လင်းပြလိုက်တာပါ
မှောင်တယ်ဆိုလည်း
ဒီ့ထက်ပိုပြီး ညဉ်နက်လိုက်ပါရစေ။
ဖြေးဖြေး
စိတ်ငြိမ်ငြိမ်ထား
မီးလောင်ရာ လေပင့်တဲ့
ကြမ္မာရိုင်းက ကြွပ်ဆပ် ကြွရွ
ဘ၀ဆိုတာ ဆေးထိုးခံသစ်သီးလို
မြန်မြန်ရင့်မှည့်လို့မှ မရပဲ
ကန္တာရကောင်အတွက်
မိုးကို မျှော်စရာမလိုပါဘူးကွယ် ။
Posted via Blogaway
Comments
Post a Comment