အမှန်တရားဟာ ဟာသပဲ
....ယုန်ဖြူလေး
ကျမ ရှင့်ကို အမြတ်တနိုး တန်ဖိုးထားတယ်
ကျမက ရှင်ဖြစ်နေပြီလေ
လောကကြီးက ကျမနဲ့ ရှင်နဲ့ကို
ဘာလို့ ကာရံထားသလဲ ။
ရှင်နဲ့ ကျမက လောကရဲ့ အနိမ်ခံလား
တစ်ဦးကို တစ်ဦး ထွေးပွေခွင့်
စိတ်မသက်မသာ မျှော်နေရတာ
ကမ္ဘာလည်နေတာ အဓိပ္ပါယ် မဲ့နေသလို ။
တစ်နေ့ထက်တစ်နေ့
ယဉ်ယဉ်လေးအရိုင်းဆန်နေရတယ်
မျှခြေမဲ့နေ့တွေ အညိုညင်ခံနေရ
အခြေအနေကောင်းကို
မရောက်မချင်း လွမ်းနေရဦးမယ်။
၁၁.၁.၂၀၁၅
Posted via Blogaway
Posted via Blogaway
Comments
Post a Comment