လမ်းမရှိတဲ့ အိမ်​သို့

လမ်းမရှိတဲ့ အိမ်​ သို့
.........လင်းဆက်​ပိုင်​ .........

လောကဓံ  ပင်​လယ်​​လောက်​​သေးသွားရင်
ကျ​နော်​ပြုံးမိမယ်​ထင်​တယ်
စိတ်​ဆိုတာ သမုဒ္ဒရာထက်​ပိုကျယ်​တယ်

ကျ​နော်​မျက်​နှာမှာ ​လောကဓံ အပွင့်​အခတ်​​တွေရှိတယ်
ဒါဟာ သဘာဝ ပန်းချီတစ်​ချပ်​ပါ
ခင်ဗျား​ခံစားမှု့နဲ့ တန်းဖိုးကို တိုင်းလို့မရဘူး

အခု
ကျွ​န်​တာ်​​လောကဓားချက်​​တွေကို
မျက်​​မှောင်​ကြုတ်​ ကြည့်​တက်​ပြီ
ဘ၀ဆိုတာ အလှည့်​အ​ပြောင်း​တွေ (မျက်​လှည့်​)....
ငါက​တော့ မနက်​ဖြန်​လည်း အခုလိုပဲ​နေမှာပါ

မေတ္တာတရားကို ဆန့်​ကျင်​သူ​တွေ
ငါပြုံးပြမှာပါ
လျှို့ဝှက်​ထားတဲ့စကားတစ်​ခွန်း ငရဲမင်းက လက်​မခံဘူး
မောဟ က ငရဲထက်​ပူတယ်

မျက်​ရည်​ဆိုတာထွက်​ခဲတယ်
ဒါ ထင်​ပါတယ်
ငါ့အတွက်​​တော့ ခန္ဓာကိုယ်​ရဲ့ သံယံဇတာပဲ
ငါ့​ခြေလှမ်း​တွေ သတ်​ပုံတခြမ်းစာမှာ​နေပါ​ရ​စေ

လိုက်​​လျောလို့မရတဲ့ စိန်​​ခေါ်မှု့​တွေ
အရိပ်​​လေးပဲ အိပ်​မက်​ခွင့်​ ​တောင်းဆိုခွင့်​ ပျက်​ရယ်​ပြုခွင့်​ ......
ကျန်​ခဲ့တဲ့ပြက္ခဒိန်​​တွေက ထ ​အော်တယ်
သမိုင်းတဲ့

ကိုယ့်​မှာ ရှက်​စရာ​တွေပဲ အဖတ်​တင်​ခဲ့
တဖြည်းဖြည်း ရင့်​သန်​ ပွင့်​အာ​နေတာ
ငါ မမြူစွယ်​ပါပဲကွယ်
အိုးးး မိုက်​မဲစွာ ​ပြေးထွက်​သွားတဲ့ ရယ်​သံတအုပ်
ဟာ
ရုတ်​တရက်​ ဘ၀ထဲကပြုတ်​ထွက်​သွားတဲ့ ငါစိတ်​လား။
၁၇.၁.၂၀၁၅

Posted via Blogaway


Posted via Blogaway

Comments