တနင်္ဂနွေ နဲ့ စကားပြောခြင်း
..........လင်းဆက်ပိုင်
ကျွန်တော် သေခါနီး ပြုံးပြတဲ့ ဒေါက်တာမရဲ့ အပြုံးက
သူနဲ့ အရမ်းဆင်တာပဲ
ခံစားမှု့တော့ ကွာတာပေါ့ ။
သူ ကျီစယ် ပုံက
မျက်စိကို အပ်နဲ့ ထိုးခြင်းပဲတဲ့ ။
ကျနော် ဆင်ကန်းလို တောတိုးခဲ့ပါတယ်
ပန်းသီး ရှာလို့မတွေ့ခဲ့ဘူး ။
အရက်နဲ့ စီးကရက်သောက်ပါ
အချစ်ကို မသောက်ပါနှင့် ။
ငါ့ကိုယ်ငါ ငါလို့ ခံစားလို့မရတာကလွဲရင် !
အရင်လို ငါပါပဲ ။
အရွေ့တိုင်းက ဗလာနယ်ကို ချဉ်းကပ်ကြည့်တယ် ။
အမှားနဲ့ အသက်ရှည်သူတွေဟာ
အရှင်လတ်လတ် ငရဲကျတာနဲ့ အတူတူ ပါပဲ ။
ကောင်းကင်ဘုံမှာ တန်းစီလိုက်တယ်
ထာဝရဆိုတာ ဘာသာစကားသက်သက်ပဲတဲ့
မှားယွင်းမှု့တွေ မျက်လုံးဝိုင်းလို့
မျက်စိမျက်နှာပျက်လို့ပေါ့ ။
စိတ်ရဲ့
အရေးပေါ် ရေဒီယို ကြေငြာချက်
ယနေ့ မြူတွေပိတ်ဖုံး၍
မြင်ကွင်းတွေေ၀၀ါးနေပါသည်။
ကျွန်တော်က ကြောင်တစ်ကောင်ပါ
အမြဲ ကြွက်ကို အရှုံးပေးရတယ် ။
(ဒါရိုတ်တာကို မုန်းလိုက်တာ)
ကောင်းကင်အဖုံး ဖွင့်ပေးပါ
တိမ်ခိုစီးပြီး
သက်တန့်လေးကို ကြည့်ချင်လို့ပါ ။
ကိုယ်လောင်ကျွမ်းလို့သာ သူအလင်းရမယ်ဆိုရင်
...
...
..
ကိုယ့်ဝိညာဉ်ပါ လောင်ကျွမ်းပေးပါ့မယ်။။။။
၁၈.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment