.....ခွင့် ရှိခဲ့ရင်။
လင်းဆက်ပိုင်
ခြေ ကြည့်တော့ နှစ်ချောင်တည်းပါပဲ
မထူးဆန်းပါဘူး
လမ်းသစ်ထွင်လျှောက်ဖို့တော့
ခြေထောက်တိုင်း သတ္တိမရှိကြပါဘူး
သူတကာဖန်တီးထားတဲ့
လမ်းအဟောင်းပေါ်လျှောက်ရတာလောက်
အော်ဂလီဆန်ပြီးမလှပချင်ဘူး။
လမ်းတူမှ လူချင်းတွေ့နိုင်မဟုတ်ပါဘူး
လမ်းတူတော့ ချေချင်းလိမ် အတ္တတွေ ခလုတ်တိုက်ကြတာပေါ့
လက်ညှိုးထိုး သီချင်းတွေနဲ့ ညှိုးမာန်ဖွဲ့ သီဆိုကြပါဦး
ဘ၀ကို စာလုံးပေါင်း သင်းရင်း
အတ္တတွေ နယ်ပယ်ချဲ့သောအခါ
ထို့ကြောင့်....
ဤဟာသည်...။
ကဲ့သို့ ...။
လို.....။
နှယ်...။
အဖြူရောင်တွေ
ခင်ဗျာတို့ စိတ်ထဲမှာမှ အရှိတော့တဲ့အခါ
လောကကြီးကို အပြစ်တင်လိုက်ပါဦး။
ခြေ (ချေ) ကြည့်လိုက်တော့....။
လမ်း(လန်း) ကြည့်လိုက်တော....။
ဘာတွေလည်း မသိတော့အောင်ပဲ
ဒီလိုတွေ လှနေကြတာ အောင့်ကာနမ်းခဲ့တယ်။
Posted via Blogaway
Comments
Post a Comment