အ​မေ့ခံ ရစ်​ပတ်​မှု့


အ​မေ့ခံ ရစ်​ပတ်​မှု့
..................လင်းဆက်​ပိုင်

သန့်​စင်​စွာ သူ့အပြုံးက
နက်​ရှိုင်းစွာ ရင်​ကို စိုက်​၀င်​တယ်
ပြန်​နှုတ်​ဖို့ အားအင်​​တွေ မဲ့တယ်
လေပြည်​​တွေ
ညည်းညည်းညူ​​​ ဖြတ်​တိုက်​သွား...။

ဘယ်​ရင်​အုံက ​ကျောက်​တုံး အရည်​​ပျော်​ကျ
နီ​ဆွေး​ဆွေ အ​ရောင်​​တွေ
အလင်းရောင်​​ပျောက်​ဆုံး​သော​နေ့က
ူ့ကို ​တွေ့လိုက်​တာ
ကိုယ်​ထင်​တာထက်​ ကိုယ့်​ခံနိုင်​ရည်​နည်းပါလွန်း။

ပြန်​​တွေ့ကြမှာလား
မ​မျှော်​လင့်​ခြင်းနဲ့ တမ်းတမိ
ရင်​ပွင့်​​အောင်​လွမ်းလွန်းတဲ့
စကားလုံးတို့ ငါပြန်​၀ှက်​ခဲ့တယ်
အလျင်​အမြန်​ အသားကျဖို့ ခက်​သားကွယ်​။

အစက်​အ​ပြောက်​​လေး​တောင်​မမြင်​ရ
ဘ၀ရဲ့ ချိန်​သီးလွှဲပုံ​တွေ နာရီဘယ်​ကြာပြီလဲ
မတည်​ငြိမ်​တဲ့ ​ပြေးလွှားမှု့​တွေ ရပ်​တန့်​မရ
အလှည့်​အ​ပြောင်း အကြွင်းအကျန်
သန်း​ခေါင်​ယံ ပြီး သန်း​ခေါင်​ယံ​တွေ
ပွတ်​​လောရိုက်​စကားလုံးတို့ အရိပ်​မထင်​​သေးဘူးရယ်​။


Posted via Blogaway


Posted via Blogaway

Comments