သူ့​ထောင့်​ထဲက ဘာသာစကား​ထောင့်​ကျဉ်း​လေး

သူ့ထောင့်ထဲက ဘာသာစကားထောင့်ကျဉ်းလေး
....................လင်းဆက်ပိုင်

ချိုးခြုံချွေတာရမယ်တဲ့
လေညှင်းကတိုးတိုးလေးပြောသွား
အလွမ်းတွေ သယ်ဆောင်ရတာ
ငါ့အရိပ်တို့လေးလံတယ်
ငါ့နားကို ပွတ်တိုက်သွားတဲ့ လေညှင်းစကား
ငါကြားမိတယ်။

တိမ်အုပ်ကလေး မဲ့တဲ့တဲ့ပြုံး
စိတ်တွေ အငွေ့မပျံပါနဲ့ကွာတဲ့
ငါမငိုချင်သေးဘူးတဲ့
လေနှင်ရာ ကမ္ဘာတစ်ပါတ်လောက်
ပါတ်ချင်သေးပေါ့တဲ့
ကောင်းကင်ကို မော့အကြည့် ငါကြားရ။

နေခြည်တွေ တရိရိ အိုနေပြီ
နိဂုံး တစ်ခုနဲ့ အစပြုရတာလား
ပုံပြင်က ဗလာကျင်းလို့ အနားယူနေတယ်
သူပြောဖူးတဲ့ အိပ်ယာဝင်ပုံပြင်များ
ခေါင်းအုံးလေး စိုရွှဲနေတာ
မိုးယိုးသံတချို့ ငါကြားရ။

ငါ့စိတ် ဂလှိုင်ခေါင်းတို့
မှောင်မှောင် မည်းမည်း နက်လို့
သူကလေးပေါ့
နေရောင်ခြည်ကို ကလယ်ကာ ခြားသွားတာ
ဘာမှမမြင်ရလည်း ငါကြားရ။

၅.၁.၂၀၁၅


Posted via Blogaway

Comments